သန်လျင်မြို့နယ် ဘုရားကုန်းခွဲရုံသို့ ဓာတ်အားဝင်ရောက်မယ့် ၃၃ကေဗွီ ဘတ်စ်ဘား ပေါ်သို့ မြွေတက်ရောက်ခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းက သန်လျင်မြို့နယ် ရပ်ကွက်တချို့မှာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဘုရားကုန်း၊ တာဝမြို့ပြကွက်သစ်၊ အမှုထမ်းညောင်သုံးပင် ၁၄၆ တပ်၊ ရေတပ်ပင်မ၊ ဖန်ချက်၊ ထမလုံ စတဲ့ ရပ်ကွက်တွေမှာ ဓာတ်အားပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။