့ ဓါတ်အားလိုင်းကင်းလွတ်အကွာအဝေးအတွင်း အဆောက်အဦးဆောက်လုပ်တာ၊ နေထိုင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဓာတ်အားလိုင်းကင်းလွတ်အကွာအဝေး Right of Way အတွင်းမှာ လူနေထိုင်တာတွေနဲ့ အဆောက်အအုံ ဆောက်လုပ်တာတွေ မပြုလုပ်ကြရန် သတိပေးချက်ကို မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


photo -adobe stock



အချို့သူတွေအနေနဲ့ ဓါတ်အားလိုင်း ကင်းလွတ်အကွာအဝေးအတွင်း ဝင်ရောက်ပြီး အဆောက်အဦးဆောက်လုပ်တာ၊ နေထိုင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ သတ်မှတ်ဓါတ်အား ကင်းလွတ်အကွာအဝေးအတွင်း အဆောက်အဦးတွေ ဆောက်တာ၊ လူနေထိုင်တာတွေ မလုပ်ဖို့ အတွက် ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ၅၀၀/၂၃၀/၁၃၂/၆၆/၃၃/၁၁ ကေဗွီဓာတ်အားလှိုင်းများ၏ အနိမ့်ဆုံး ကောင်းကင်ဓာတ်ကြိုး၏ မြေပြင်မှအကွာအဝေး၊ ကောင်းကင်ဓာတ်ကြိုးများနှင့် အဆောက်အဦများ၏ အနည်းဆုံးအကွာအဝေး(တယ်လီဖုန်းကြိုးအပါအဝင်) စသည်တို့ကို သတ်မှတ်ထားရှိထားပါတယ်။ လျှပ်စစ်ဥပဒေအရ ပြဌာန်းထားတဲ့ အကွာအဝေးတွေမှာသ နေထိုင်ကြရန်အတွက် ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က