ရွှေပြည်သာ မြို့နယ် Honor Apparel အထည်ချုပ်စက်ရုံက အလုပ်ပိတ်ထားတဲ့ ကြားကာလ နစ်နာကြေးပြန်လည်ပေးအပ်မှာဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီးတာ့ ဆက်သွယ်ပေးကြဖို့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
ကြားကာလနစ်နာကြေးကိုတော့ IWFM(မြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်) နဲ့ စက်ရုံတို့ကြား ညိနှိုင်းဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
" IWFM နဲ့ဆွေးနွေးထားတဲ့အတိုင်းပါပဲ။ သူတို့ထုတ်ပြန်ထားတဲ့အတိုင်းပဲ " လို့ Honor Apparel အထည်ချုပ်စက်ရုံကိုယ်စားလှယ် မထက်ထက်လွင် ကပြောပါတယ်။
စက်ရုံကတော့ ၂၀၂၁ မတ်လပိုင်းထဲက စတင်ပိတ်ခဲ့တာဖြစ်ပြီးတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ အလုပ်မဆင်းရတဲ့ ကြားကာလအတွက် နစ်နာကြေးလာရောက်ထုတ်ယူဖို့နဲ့ အလုပ်ခွင်ပြန်ဝင်နိုင်ဖို့လည်း လာရောက်ဆက်သွယ်ကြဖို့ IWFM ရဲ့ Facebook page မှာလည်း ထုတ်ပြန်ကြေညာထားပါတယ်။
အလုပ်သမားတွေအနေနဲ့ စက်ရုံကိုယ်စားလှယ် မထက်ထက်လွင် ရဲ့ ဖုန်း - ၀၉၇၈၁၀၈၀၆၀၉ ကိုဆက်သွယ်နိုင်မှာဖြစ်ပြီးတော့ ဖုန်းခေါ်ဆိုလို့မရတာနဲ့ အဆင်မပြေမှုတွေရှိပါက IWFM (Industrial Workers's Federation of Myanmar-IWFM) Facebook page ရဲ့ Messenger ကနေ လာရောက်ဆက်သွယ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Honor Apparel အထည်ချုပ်စက်ရုံက လုပ်သားတစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့စက်ရုံတစ်ခု ဖြစ်ပါတယ်။