မိတ်ဆက်လိုက်တဲ့ 6 ရက်ထဲနဲ့ သုံးစွဲသူ သန်း 100 ပြည့်သွားခဲ့တဲ့ Threads ကို Twitter ဖိုက်တာလို့ Meta တည့် မပြောခဲ့ပေမယ့် ပတချို့အမြင်မှာ အခွံသာရှိပြီး အစေ့ဆန်မဲ့တယ်လို့ ဝေဖန် နေကြပါတယ်။
အင်တာနက် စာမျက်နှာတခွင် ပြဲပြဲစင်အောင် မနှစ်မြို့ဖွယ် စကားလုံးတွေနဲ့ လေလုံးထွားနေကြတဲ့ ဘီလီယံနာ နှစ်ယောက်ကိုလည်း ရှက်စရာကောင်းတဲ့ အပြောအဆိုလို့ ပြစ်တင်ထားပြီး စာရေးသူ ခန့်မှန်းခဲ့တဲ့အတိုင်း လူစိတ်ဝင်စားအောင် Attention ရှာ ၊ သူတို့ Image ကို တစ်စက်မဲ့ မငဲ့ဘဲ မာန်ပြုနေတာလို့ အစောပိုင်း ဆောင်းပါးတွေမှာ မထိတထိ ရေးသားခဲ့ပါတယ်။
အခုဆိုရင် ကမ္ဘာ့သတင်း မီဒီယာတွေကပါ ကဲ့ရဲ့ကုန်ပြီး Threads ဘာလို့ ပေါ်လာလဲ ပြောကုန် ကြပါပြီ ၊ အဓိက အမေရိကန် အစိုးရပါ ဖိအားပေးနေတဲ့ TikTok အောင်မြင်မှုက Instagram အရောင်ကို မှေးမှိန်စေခဲ့တယ် ၊ အကြံကုန် ဂဠုန်စားချက် ဖြစ်နေတဲ့ Meta အဖို့ ခွေးအလှည်းနှင်းသလို ဝင်ငွေ မရရအောင် ဖန်နေတဲ့ Twitter နေရာကို မြေနိမ့်ရာ လှံစိုက်ဖို့ ကြိုးစားတယ်။
အခုတော့ ပျင်းစရာကောင်းတဲ့ လွင်ပြင်ကြီးထဲ အဖော်မပါဘဲ ခရီးသွားရသလို နှိုင်းကုန်ကြပြီး သုံးစွဲသူ သန်း 100 ရှိလင့်ကစား ရေရှည်မှာ ပျင်းဖို့ ကောင်းလိမ့်မယ်လို့ ထင်ကြေး ပေးနေပါပြီ။
Meta အနေနဲ့ Instagram အကောင်းဆုံး လုပ်နိုင်တာဘာလဲ Threads ကို ကြေညာခဲ့ချိန် သောင်ပြို ၊ ကမ်းပြို အကောင့်တွေ လုပ်ခဲ့ကြပေမယ့် သူတို့ Platform တိုင်း ပိုက်ဆံသွားရှာလို့ မရပါဘူး ၊ တဖက် Twitter လို သွားလုပ်ပြန်ရင် တရားစွဲခံရဦးမယ် ၊ အဲ့ဒါထက် ပုံတူကူးချတယ်ဆိုပြီး အစိုးရ အဖွဲ့စည်း တချို့ကပါ ဝေဖန်တာ ခံနေရပါတယ်။
အစကတည်းက ပြဓားတစ်လမ်း သံတစ်လမ်း ဖြစ်နေတဲ့ Platform နှစ်ခု ခြေချင်းလိမ်တဲ့အခါ ပိုင်ရှင်နှစ်ယောက်ကို ရန်ဖြစ်ဖို့ ချကျွေးတဲ့ သဘောပါ သက်ရောက်နေလို့ Musk ရော Zuckerberg ရော ပြောင်ပြောင်တင်းတင်းကြီးကို ပုတ်ခတ် ရေးသားနေပါပြီ။
အခုဆိုရင် Las Vegas မှာ အကြိတ်နယ် ထိုးသတ်ကြမယ်လို့ The New York Times သတင်းက ဖော်ပြထားပြီး အတိုက် ၊ အခိုက်ရတဲ့ ဇူကာဘတ်ကို မထိုးသတ်ခင် Musk ဘာလို့ ခပ်ကြမ်းကြမ်း စကားလုံးသုံးရသလဲ ပြောရရင် Meta ဖက် ပြန်လှည့်ရမှာပါ။
အဲ့ဒါက နိုင်ငံရေးနဲ့ ပတ်သက်ပြီး မျက်နှာမရ ခြေထောက်ရ ဖြစ်နေတဲ့ ယခင် Facebook ကို Meta ပြောင်းခဲ့ပေမယ့် ခုချိန်ထိ ရှေ့မတက်ရဲပါဘူး ၊ သိတဲ့အတိုင်း Cambridge Analytical ကိစ္စအပြီး Facebook Image ထိုးကျသွားခဲ့တဲ့နောက်ပိုင်း အတော့်ကို တင်းကျပ်ထားရတယ်။
အလားတူ Instagram Platform ကို ဘယ်လိုမှ သွားနွယ်လို့ မရတဲ့အခါ သူတို့ Boss “Adam Mosseri” ပြောခဲ့တဲ့ “Hard News” ဆိုတာ Threads မှာ သုံးဖို့ပါပဲ။
တကယ်လို့သာ ပုဂ္ဂိုလ်ရေး ၊ စီးပွားရေးနဲ့ နိုင်ငံရေးနွယ်တဲ့ အကြောင်းရာတွေမှာ တိုက်ခိုက်တဲ့ အသုံးနှုန်း သို့ မွေးစား စကားလုံးမျိုးနဲ့ သတင်း အချက်လက်တွေကို ပေါက်ကြားစေရင် သေချာတယ် Threads ဟာ ပျင်းစရာကြီး ဖြစ်လာမယ် ၊ ခု Twitter ပုံစံနဲ့ ခန့်မှန်းလို့ရပါတယ်။
Instagram App ဆိုသော်ငြား ဓာတ်ပုံတင်မယ် ၊ ဗီဒီယိုတင်မယ် ၊ Follower ရှာမယ်ဆိုတဲ့ အကြံနဲ့ Threads အကောင့်ပါ ဖွင့်ထားရင် ပြန်စဥ်းစားလို့ ရပါတယ် ၊ ဒါကြောင့်လည်း ပြောဆိုနေတာ အထူးဆန်းတော့ မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သက်ပြီး Thread အသုံးပြုသူ Wendy’s က “ဟေ့ ဇူကာဘတ်၊ အာကာသထိ သွားပြပြီး ပိုမနာလို ဖြစ်အောင် လုပ်ပေးလိုက် LOL” လို့ ရေးသားခဲ့တဲ့အပေါ် ငိုရယ်နေတဲ့ Emoji တစ်ခုသာ ဇူကာဘတ် ချန်ခဲ့တာ မီးလောင်ရာ လေပင့်လိုက်သလို ပွဲကြီးပွဲကောင်းနွဲဖို့ တန်သွားခဲ့ပါပြီ။
Source: Tech Insider
Share