ရီးရဲလ်ဘက်က ရောင်းချဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အင်တာရဲ့ ညာခြမ်းခံစစ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနို်င်မယ်လို့ နည်းပြကွန်တီအပါအဝင် အသင်းတာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်ကို အငှားချထားခဲ့တဲ့ သူတို့ရဲ့နောက်ခံလူဟာကီမီကို အင်တာမီလန်အသင်းဆီ နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောင်းချသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒေါ့မွန်မှာ ခြေစွမ်းပြနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ကာဗာဂျယ်ကလည်း အကောင်းဆုံးပုံစံပြသနေတာကြောင့် ဇီဒန်းက ဟာကီမီကို ပုံမှန်ကစားခွင့်ပေးနိုင်မှာမဟုတ်တာလည်းဖြစ်ပါတယ်။

ဒီအတွက် ကစားသမားကလည်း ပုံမှန်ကစားခွင့်မရပါက အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့မယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာ အင်တာမီလန်ကို ရီးရဲလ်က ပေါင်သန်း ၄ဝခန့်နဲ့ ရောင်းချသွားဖို့ စီစဉ်နေပြီဖြစ်ပြီး စီးရီးအေကလပ်အတွက်တော့ တော်တော်လေးသက်သာတဲ့ စျေးနှုန်းနဲ့ ခေါ်ယူနိုင်တော့မှာလည်းဖြစ်တယ်လို့ Di Marzio က ဖော်ပြခဲ့ပါတယ်။ 

မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အင်တာရဲ့ ညာခြမ်းခံစစ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနို်င်မယ်လို့ နည်းပြကွန်တီအပါအဝင် အသင်းတာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။ ၃-၄-၃ ကစားဟန်ကို အခြေခံထားတဲ့ ဒေါ့မွန်မှာ ဟာကီမီက အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် ကွန်တီက သူ့ရဲ့ ၃ ယောက်တန်းခံစစ်မှာလည်း အံဝင်လိမ့်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ်ကစားသမားကို ဒေါ့မွန်ဘက်က အပြီးသတ်ခေါ်ယူချင်ပေမယ့်လည်း လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာကမ်းလှမ်းမှုမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက်ကြောင့် ရီးရဲလ်က သူတို့ကစားသမားကို ရောင်းချဖို့အတွက် စီစဉ်ခဲ့ရာမှာ အင်တာမီလန်ကို ရောင်းချဖို့ ရွေးချယ်ခဲ့ပြီးတော့ ဟာကီမီကို ရောင်းချလို့ရရှိမယ့် ငွေကြေးကို အခြားကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူရာမှာ ပြန်လည်အသုံးချသွားမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က