အင်တာမီလန်က ယခုရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိနေတာပါ။

ဘာစီလိုနာအသင်းဟာ အင်တာမီလန်ကွင်းလယ်ကစားသမား စတီဖာနိုဆန်စီရဲ့ အေးဂျင့်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ Sportsmole ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဆက်ဆူအိုလိုအသင်းကနေ အင်တာမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆန်စီဟာ ကွန်တီရဲ့ အင်တာမီလန်အသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် သက်သေပြသနေသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်စီရဲ့ စွမ်းဆောင်ရည်ဟာ အင်တာမီလန်အသင်းကို အပြီးသတ်ခေါ်ယူချင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပေမယ့် ဆန်စီက အခြားအသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။

စပိန်သတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ အီတလီလက်ရွေးစင်ကြယ်ပွင့်ရဲ့ ကိုယ်စားလှယ် ဂျစ်စပီရီကိုဟာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယခုရာသီကုန်အထိ အပြောင်းအရွှေ့ဖြစ်လိမ့်မှာမဟုတ်ပေမယ့် ဘာစီလိုနာအသင်းဟာ ဆန်စီနဲ့ပတ်သက်ပြီး အင်တာမီလန်အသင်း လျင်လျင်မြန်မြန် အကျိုးအမြတ်ရနိုင်မယ့်အခွင့်အရေးကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဆန်စီကို ယခုရာသီကုန်မှာ ယူရို ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိနေပြီး ဘာစီလိုနာအသင်းက ဆန်စီအတွက် အင်တာမီလန်အသင်း စိတ်ဝင်စားလောက်မယ့် ပမာဏမျိုး ကမ်းလှမ်းနိုင်မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Share

က္က