၂၀၁၇ နှစ်ကုန်ပိုင်းကထက် ၃.၈% ပိုမြင့်တက်လာတာပါ

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူ့အဖွဲ့အစည်း ရှိတဲ့ နိုင်ငံတစ်ခုပါ။



smartphones_reut.jpg

Photo: South China Morning Post

 

ဇွန်လကုန်ပိုင်းက တရုတ်နိုင်ငံရဲ့ အင်တာနက် သုံးသူပမာဏဟာ ၈၀၂ သန်း ထိ ရောက်လာခဲ့တယ်လို့နိုင်ငံပိုင် သတင်းမီဒီယာဖြစ်တဲ့ China Internet Network Information Center (CNNIC) မှာ ဖော်ပြထားပါတယ်။ ဒါဟာ ၆ လအတွင်း သန်း ၃၀ အထိ ရောက်ရှိခဲ့တာလည်း ဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းကထက် ၃.၈% ပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ။်

CNNIC ရဲ့ အဆိုအရ အင်တာနက်သုံးသူနေသူများရဲ့ ၉၈.၃% ဟာ စမတ်ဖုန်းကနေ အင်တာနက် သုံးနေတယ်လို့ဆိုပါတယ်။ အင်တာနက်သုံးသူများထဲက ၂၁% ဟာ အွန်လိုင်း banking users များ ပါရှိပြီး ၊ ၇၁% ဟာ အွန်လိုင်းငွေချေမှု နဲ့e-Commerce ဝန်ဆောင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

TikTok လို့နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ Douyin app လိုမျိုး ဗွီဒီယိုအတို application တွေကို သုံးစွဲနေသူက တရုတ်မှာ ၇၄.၁% ရှိနေပါတယ်။ ဒါ့အပြင် app နဲ့ကားငှားသူက ၄၃.၂% နဲ့စက်ဘီး bike sharing လုပ်သူက ၃၀.၆% ရှိထားပြီး ဘတ်စ်နဲ့ရထား ခရီးစဉ် ဘွတ်ကင်လုပ်ဖို့အင်တာနက် သုံးသူက ၃၇.၃% ရှိနေတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လူဦးရေ သန်း ၁၄၀၀ ခန့်ရှိတဲ့ တရုတ်နိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုများ ပိုမိုခိုင်မာစေဖို ု့အတွက် စဉ်ဆက်မပြတ်ရင်းနှီးမြှပ်နှံနေတယ်လို့လည်း အာဏာပိုင်များက ပြောကြားထားပါတယ်။

တရုတ်အစိုးရအနေနဲ့အင်တာနက်အခြေခံ အဆောက်အဦ ကဏ္ဍ ၊ တစ်ကိုယ်ရေသုံး applications များ ၊ အစိုးရအဖွဲ့အစည်းသုံး  app ၊ စက်မှုနည်းပညာကဏ္ဍ နဲ့ကွန်ရက်လုံခြုံရေး စတဲ့ ကဏ္ဍ ၅ ရပ်မှာ အာရုံစိုက်သွားမယ်လို့လည်း ဆိုပါတယ်။

Photo: Bloomberg

 

အမေရိကန်နိုင်ငံဟာ အင်တာနက် သုံးစွဲသူ သန်း ၃၀၀ ဝန်းကျင်ရှိထားပြီး တရုတ်နိုင်ငံကတော့ ဂျပန် ၊ ရုရှား ၊ မက္ကဆီကိုနဲ့အမေရိကန် လူဦးရေစုစုပေါင်းထက် ပိုများနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က