ရန်ကုန်လွှတ်တော်မှာ ပြောလိုက်တာပါ။

အင်တာနက်ကနေ ဆုမဲကိစ္စကြောင့် ငွေပမာဏပေါင်း သိန်းတစ်သောင်းကျော်နဲ့ အမှုပေါင်း ၇၆ မှုအထိ လိမ်လည်မှုတွေရှိနေတယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးေအောင်စိုးမိုးက ပြောကြားပါတယ်။

 

42517313_666669710381059_1820177693749018624_n.jpg

Photo- Yangon Region Parliament

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့မှာ ဒဂုံမြို့နယ်မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အမှုတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆုမဲကိစ္စနဲ့ ပါတ်သတ်ပြီးတော့ တရားဝင်မဟုတ်ဘဲ အချင်းချင်းသဘောတူညီချက်နဲ့ ကွန်ယက်ဖွဲ့လုပ်ဆောင်နေတာဖြစ်ပြီးတော့ ငွေကြေးတိုက်ကြားမှုတွေနဲ့ ပါတ်သတ်ပြီးတော့ ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေတွေနဲ့ အရေးယူနိုင်တယ်လို့ သိရပါတယ်။

အင်တာနက်က စုမဲ လိမ်လည်မှုတွေနဲ့ ပါတ်သက်ပြီးတော့ အမှု (၂၈)မှု၊ တရားခံ (၁၂)ဦး၊ ကျပ်(၉၃၉၆၈၀၀၀၀)၊ တရားရုံး၌ ရင်ဆိုင်လျက်ရှိသော တရားမကြီးမှု အခြေအနေမှာ အမှု (၁၃)မှု၊ တရားပြိုင် (၄)ဦး၊ ကျပ် ( ၂၂၈၁၂၁၃၂၀)၊ စုမဲ (လူကိုယ်တိုင်) လိမ်လည်မှုနှင့် ပတ်သက်၍ တရားရုံး၌ ရင်ဆိုင်လျက်ရှိသည့်အမှုများမှာ အမှု (၁၃)မှု၊ တရားခံ (၁၇)ဦး၊ ကျပ် (၆၁၅၀၀၀၀၀)၊ စုမဲ (Internet စာမျက်နှာ) လိမ်လည်မှုများနှင့် ပတ်သက်၍ ရဲစခန်းစစ်ဆေးဆဲ အရေးယူထားမှုများမှာ အမှုပေါင်း (၂၂)မှု၊ တရားခံ (၂၄)ဦး၊ ကျပ် (၅၉၉၉၅၉၅၀၀) အထိရှိနေတယ်လို့ လွှတ်တော်မှာဖြေကြားခဲ့ ပါတယ်။

ဒါ့အပြင် အင်တာနက်ကနေ အသိပညာပေးတာတွေ၊ မှုခင်းအသိပညာပေးပြောတာတွေကို ပိုဆောင်ရွက်သွားမှာဖြစ်ပြီးတော့ မှုခင်းတွေကိုလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဖြေကြားထားပါတယ်။

အင်တာနက်ကနေ ငွေရေးကြေးရေးဆိုင်ရာတွေကို ဆောင်ရွက်တဲ့အခါမှာလည်း တရားဝင်ခွင့်ပြုထားတဲ့ အဖွဲ့ဟုတ်မဟုတ်ကို စုံစမ်းပြီးမှ သာ ဆက်သွယ်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က