ဒီနေ့မှာ တောင်ကိုရီးယားအတွက် အရေးကြီးပွဲအဖြစ် ကစားရမှာပါ။

၂၀၁၉ တုန်းက ဂျူဗီမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ အသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲအဖြစ် တရုတ်၊ စင်ကာပူတို့မှာ စပါး၊ အင်တာတိုနဲ့ပွဲ​တွေကို ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားမှာ ကေလိဂ်အကောင်းဆုံးအသင်းနဲ့ ကစားရမယ့်ပွဲကိုတော့ သူဝင်မကစားခဲ့ပါဘူး။ သူကစားတာကို ကြည့်ချင်လို့ လာအားပေးတဲ့ တောင်ကိုရီယားပရိသတ်တွေနဲ့ ကေလိဂ်ကစားသမားတွေက ရော်နယ်ဒိုကို အခုထိ စိတ်ဆိုးဒေါသထွက်နေတုန်းပါ။ 

ဒီနေ့ကစားမယ့် တောင်ကိုရီးယားနဲ့ ပေါ်တူဂီပွဲမှာ ဒီဖြစ်ရပ်အတွက် ရော်နယ်ဒိုကို ပြန်လက်စားချေဖို့အတွက် တောင်ကိုရီးယားက ဆန္ဒရှိနေပါတယ်။ ဒီအကြောင်းကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရိးယားသတင်းထောက်က ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို မေးမြန်းပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီနေ့ပွဲကို ပါဝင်ကစားဖို့ မသေချာဘူးလို့လည်း နည်းပြဆန်းတို့စ်က ပြောဆိုထားပါတယ်။ 

ဆန်းတို့စ်က "ခင်ဗျား အဲဒါ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်ကို သွားမေးရမှာ၊ သူက ဂျူဗီနဲ့ သွားခဲ့တာပါ၊ အဲဒါက ပေါ်တူဂီနဲ့ ကိုရီးယားပွဲကို ဘယ်လိုအကျိုးသက်ရောက်မှာလဲ၊ က​ျနော် ကိုရီးယားနဲ့ ပရိသတ်တွေကို လေးစားပါတယ်၊ ရော်နယ်ဒိုကလည်း အဲဒီလိုပါပဲ" လို့ ပြန်ပြောခဲ့ပါတယ်။ တောင်ကိုရီးယားကတော့ ပေါ်တူဂီကို အနိုင်ရမှသာ နောက်တဆင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ပြီး တဖက်က ဂါနာနဲ့ ဥရုဂွေးပွဲစဉ်ကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ ပေါ်တူဂီအတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးတဂိုး သွင်းယူထားပါတယ်။ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲက သူ့အတွက် နောက်ဆုံးလို့ဆိုရမှာဖြစ်ပြီး ဆုဖလားရဖို့အထိ မျှော်လင့်ထားတာပါ။ ပေါ်တူဂီကတော့ ၂ပွဲကစားအပြီး ၂ပွဲစလုံးအနိုင်ရကာ နောက်တဆင့်ကို တက်ရောက်ထားပြီးဖြစ်ကာ အုပ်စုဗိုလ်လား၊ ဒုတိယလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က