ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဘာရာဒါဟာ တစ်ချိန်တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ ယူနိုက်တက်ကို ကောင်းကောင်း ဝေဖန်ထိုးနှက်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ သူဟာ မန်စီးတီးရဲ့ Chief Operation Officer အဖြစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူပါ။
သူ့ကို ခေါ်ယူဖို့ ရက်ကလစ်ဖ်ကိုယ်တိုင်က ဆုံးဖြတ်ခဲ့ပြီး ဘာရာဒါဟာ ဘာစီလိုနာမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဘာရာဒါရဲ့ အတိတ်တုန်းက ထူးချွန်မှုတွေကြောင့် အသင်းမှာ အပြောင်းအလဲတစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့်လည်း ဘာရာဒါကတော့ ယူနိုက်တက်နဲ့ ပတ်သက်လို့ အဆိုးမြင်ဝါဒီရှိခဲ့ဖူးပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကောင်းကောင်းပြောဆိုခဲ့ဖူးပါတယ်။ (၂၀၁၂) ခုနှစ်က ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ သုံးဂိုးစီ သရေကျတဲ့ပွဲနဲ့ပတ်သက်လို့ ဘာရာဒါက “ဆီးနှင်းတွေကြောင့် လေယာဉ်ချိန် နောက်ကျပြီး ယူနိုက်တက်နဲ့ ချဲလ်ဆီးပွဲကို iPad ကတစ်ဆင့် ကြည့်ရှုရင်း အချိန်ဖြုန်းနေရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရှုံးသွားဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ဖူးပါတယ်။
ဒါ့အပြင် “ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ (၁၉၉၉) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒီပွဲကို အနိုင်ရဖို့ တကယ်ထိုက်တန်တဲ့အသင်းဆိုတာကိုတောင် မေ့သွားပါတယ်” လို့လည်း ဘာရာဒါက ရေးသားဖူးပါတယ်။
ယူနိုက်တက်ကနေ ဖာဂူဆန်အနားယူသွားချိန်မှာလည်း ဘာရာဒါက “ယူနိုက်တက်က သူတို့ ဒီလိုရှုပ်ထွေးတဲ့ အနေအထားကို ဘယ်လိုရောက်သွားတာလဲ” လို့ ဝေဖန်ခဲ့ဖူးတာပါ။ ဒီ Tweet တွေက အခုချိန်အထိ မဖျက်ရသေးဘဲ ပရိသတ်တွေအကြားမှာလည်း ပျံ့နှံ့နေဆဲဖြစ်ပါတယ်။