အသားအရည်လေး Glow ဖို့ဆိုရင် အမျိုးသမီးတွေက ဘယ်လိုနည်းလမ်းနဲ့မဆိုပြုပြင်ထိန်းသိမ်းကြပါတယ်။

မျက်နှာအသားအရည်လေး Glow နေပြီး ကြည်လင်တောက်ပဖို့ဆိုတာ ဒီနေ့ခတ်အမျိုးသမီးတိုင်းရဲ့ အိ်မက်ပါပဲ။

ဒါပေမယ့်လည်း အားလုံးမစဉ်းစားမိတတ်ကြတာက အသီးအနှံတွေစားပြီး အသားအရည် (Glow) စေနိုင်တယ်ဆိုတာပါပဲ။ သင့်အအသားအရည်ကို Glow စေမယ့် အသီးအနှံတွေကတော့

လိမ္မော်သီး

Photo: AWOL

အင်မတန်ကို ရိုးရှင်းလွယ်ကူပါတယ်။ လိမ္မော်သီးက သင့်အနီးအနားမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အသီးမျိုးပါ။ ဗီတာမင်-စီကြွယ်ဝတဲ့ အသီးအနှံတွေက အသားအရည်ထိန်းသိမ်းဖို့အတွက် အသင့်လျော်ဆုံးပါ။ လိမ္မော်သီးက DNA ပျက်စီးမှုကိုကာကွယ်ပေးနိုင်တယ်၊ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ကော်လာဂျင်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ မျက်နှာအသားအရည် ဂလိုး(Glow) စေဖို့အတွက် လိမ္မော်ခွံကို မျက်နှာမှာကပ်ပေးလို့လည်းရပါတယ်။

သင်္ဘောသီး

Photo: Lifeberrys

သင်္ဘောသီးက ဗီတာမင် အေ၊ဘီ၊စီ ဓာတ်တွေကြွယ်ဝစေတဲ့ အသီးတစ်မျိုးပါ။ ကြွက်နို့၊နှင်းခူ၊ အနာစတဲ့ အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကိုသတ်ပေးနိုင်တဲ့ မှိုသတ်ဆေးဓာတ်တစ်မျိုးလည်းပါဝင်ပါတယ်။ 

တစ်နေ့ကို သင်္ဘောသီး တစ်ပန်းကန်စားပေးမယ်ဆိုရင် အသားအရည်လှပလာစေနိုင်သလို သင်္ဘောသီးအခွံကိုလည်း မျက်နှာအရေပြားမှာ ကပ်ပေးနိုင်ပါတယ်။ 

သခွားသီး

Photo: The Channel 46

သခွားသီးက အသားအရည်လှစေတယ်ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ဗီတာမင် စီနဲ့ကေ ကြွယ်ဝပြီး အမျှင်ဓာတ်လည်းများပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားပြီး ရေဓာတ်ထိန်းပေးနိုင်ပါတယ်။ သခွားသီးကို အသုပ်ထဲထည့်သုပ်တာ၊ အသားညှပ်ပေါင်မုန့်ထဲညှပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာမျိုးလုပ်စားနိုင်ပါတယ်။ 

သခွားသီးအစိတ်ကလေးတွေကို မျက်လုံးပေါ်တင်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ၊ မျက်တွင်းကျတာကို ကာကွယ်ပေးနိုင်သလို ရေဓာတ်စိုပြေမှုကိုလည်းရရှိခံစားရစေမှာပါ။ 

ခရမ်းချဉ်သီး

Photo: Freepik

ခရမ်းချဉ်သီးကို လူအများစုက စားစရာဟင်းသီးဟင်းရွက်တစ်မျိုးအနေနဲ့ပဲ သတ်မှတ်ကြပေမယ့် ရုက္ခဗေဒပညာရှင်တွေကတော့ ဆေးဖက်ဝင်အသီးအနှံစာရင်းထဲထည့်ထားကြပါတယ်။ ခရမ်းချဉ်သီးမှာ ဓာတ်တိုးဆန့်ကျင်မှုပါဝင်နှုန်းများတာကြောင့် အရေပြားချွေးပေါက်ကျဉ်းစေပြီး ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ ခရမ်းချဉ်သီးနဲ့ အရေပြားကို ပွတ်တိုက်ပေးမယ်ဆိုရင် အရေပြားယောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ဒီအသီးအနှံတွေက ကိုယ့်အိမ့်ရဲ့ မီးဖိုချောင်မှာတင် အလွယ်တကူရနိုင်တာမို့ မျက်နှာအသားအရည်လေး Glow ချင်တဲ့ ပျိုမေအတွက် အထူးသင့်တော်စေမယ့် နည်းလမ်းလေးတွေပါပဲ ။

Ref: news18.com


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က