အခုနောက်ပိုင်းမှာ ကော်လာဂျင် ဖြည့်စွက်စာတွေဟာ လူကြိုက်များလာပြီး အထူးသဖြင့် အသားအရေလှပလိုတဲ့ မိန်းကလေး ၊ ယောကျ်ားလေးတွေ သောက်သုံးလာကြပါတယ်။ကော်လာဂျင် အရည် ၊ အမှုန့် ၊ ဆေးလုံးတွေအပြင် အလှကုန်ပစ္စည်းတွေမှာလည်း ကော်လာဂျင်ပါတာကို ရွေးချယ်ဝယ်ယူလာကြပါတယ်။ကော်လာဂျင်ဟာ ခန္ဓာကိုယ်မှာ အပေါများဆုံးပရိုတင်းတစ်မျိုးဖြစ်ပါတယ်။သူက အရွတ်တွေ ၊ အရေပြားနဲ့ ကြွက်သားများအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို ဖွဲ့စည်းထားတဲ့ တွယ်ဆက်တစ်ရှူးတွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ကော်လာဂျင်ဟာ အရေပြားတည်ဆောက်ပုံနဲ့အရိုးတွေကို သန်မာစေခြင်းအပါအဝင် အရေးကြီးသောလုပ်ဆောင်ချက်တွေ ရှိပါတယ်။

အရေပြားကို အကျိုးပြုတယ်

Photo: Well+Good

အရေပြားကို ကျန်းမာတင်းရင်းစေတဲ့အပြင် အသားအရည်နူးညံ့မှုနဲ့ ရေဓာတ်အတွက် အထောက်အကူပြုပါတယ်။အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာ ကော်လာဂျင်ကို လျော့နည်းစေပြီး အရေပြားခြောက်သွေ့ခြင်း ၊ အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ဒါပေမယ့် လေ့လာမှုတွေအရ ကော်လာဂျင်ဖြည့်စွက်စာတွေက 

အရေပြား၏ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ကော်လာဂျင် ဖြည့်စွက်စာ သောက်သုံးခြင်းက elastin နှင့် fibrillin အပါအဝင် အရေပြားကို တည်ဆောက်ရာမှာ ကူညီပေးတဲ့ အခြားသော ပရိုတင်းတွေ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပါတယ်။

အရိုးအဆစ်နာကျင်ခြင်းကို သက်သာစေတယ်

Photo: HealthGuide

ကော်လာဂျင်ဟာ အရိုးနု ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။သူက အဆစ်တွေကို ကာကွယ်ပေးတဲ့ ရော်ဘာလို တစ်ရှူးဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ပမာဏ လျော့နည်းလာပြီး အရိုးအဆစ်တွေ ယိုယွင်းလာပြီး အဆစ်အမြစ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေ တိုးလာပါပြီ။ဒါပေမယ့် လေ့လာမှုတွေအရ ကော်လာဂျင် ဖြည့်စွက်စာ သောက်သုံးခြင်းက အရိုးအဆစ်ရောင်ရောဂါရဲ့ လက္ခဏာတွေ သက်သာလာပြီး အဆစ်အမြစ်နာကျင်ခြင်းကို အလုံးစုံ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။လေ့လာမှုတစ်ခုမှာ ၂၄ ပတ်ကြာ နေ့စဉ် ကော်လာဂျင် ၁၀ ဂရမ် စားသုံးတဲ့ အားကစားသမား ၇၃ ဦးဟာ လမ်းလျှောက်ခြင်းနဲ့ အနားယူချိန်မှာ အဆစ်အမြစ်ကိုက်ခဲခြင်း သိသိသာသာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ကော်လာဂျင်ကို သောက်သုံးသူတွေဟာ အဆစ်အမြစ်ကိုက်ခဲခြင်းကို သိသိသာသာ လျော့ကျစေပြီး မသုံးသူများထက် ကိုယ်လက်လှုပ်ရှားမှုကို ပိုပြီး လုပ်ဆောင်နိုင်ပါတယ်။

အရိုးပွ အရိုးကျိုးလွယ်တာကို ကာကွယ်နိုင်တယ်

Photo: Verywell Health

အရိုးတွေကို ကော်လာဂျင် အများစုနဲ့ ဖွဲ့စည်းထားတာကြောင့် အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်ဓာတ်များ ယိုယွင်းလာရင် အရိုးထုကို သက်ရောက်မှုရှိပါတယ်။ဒါဟာ အရိုးသိပ်သည်းဆနည်းပြီး အရိုးကျိုးနိုင်ခြေ မြင့်မားတဲ့ အရိုးပွရောဂါနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ဦးတည်သွားပါတယ်။ကော်လာဂျင် သောက်သုံးတဲ့ အမျိုးသမီးတွေကို လေ့လာတဲ့အခါ သူတို့ရဲ့ အရိုးတွင်းထွက်ပစ္စည်းသိပ်သည်းဆ (BMD) တွင် 7% အထိ တိုးလာတာ တွေ့ရပါတယ်။BMD ဟာ အရိုးများရှိ ကယ်လ်စီယမ်လို သတ္တုဓာတ်တွေရဲ့ သိပ်သည်းဆကို တိုင်းတာခြင်းဖြစ်ပါတယ်။ BMD နိမ့်တာဟာ အရိုးအားနည်းခြင်း ၊ အရိုးပွခြင်းနဲ့ ဆက်စပ်ပါတယ်။ 

ကြွက်သားထုထည်ကို မြှင့်တင်ပေးနိုင်ပါတယ်

Photo: The Zoe Report

ကြွက်သားတစ်ရှူးတွေရဲ့ 1-10% ကြားဟာ ကော်လာဂျင်နဲ့ ဖွဲ့စည်းထားပါတယ်။ကြွက်သားတွေ သန်မာပြီးအလုပ်လုပ်နိုင်ဖို့ ကော်လာဂျင်ဆိုတဲ့ ပရိုတင်းလည်း လိုပါတယ်။လေ့လာမှုတွေအရ ကော်လာဂျင် ဖြည့်စွက်စာတွေဟာ sarcopenia (ကြွက်သားလျော့ရဲခြင်း) ရှိသူတွေကို ကြွက်သားထုထည် မြှင့်တင်ပေးနိုင်ပါတယ်။လေ့လာမှုတစ်ခုမှာ ကြွက်သားပျော့တဲ့ အမျိုးသား ၂၇ ဦးဟာ နေ့စဉ် ၁၂ ပတ်ကြာ ကော်လာဂျင် ၁၅ ဂရမ်ကို သောက်သုံးခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေမယ့် ကော်လာဂျင်မသောက်တဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ၎င်းတို့ဟာ ကြွက်သားထုထည်နဲ့ ကြံ့ခိုင်မှု သိသိသာသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သုတေသီတွေက ကော်လာဂျင်ကို သောက်သုံးခြင်းဟာ creatine လို ကြွက်သားပရိုတင်းများ ပေါင်းစပ်မှုကို မြှင့်တင်နိုင်ပြီး လေ့ကျင့်ခန်းပြီးနောက် ကြွက်သားကြီးထွားမှုကို လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

Photo: The List

ကော်လာဂျင် ဖြည့်စွက်စာတွေ သောက်သုံးခြင်းက နှလုံးနဲ့ပတ်သက်တဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။နှလုံးက သွေးတွေကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးတဲ့ သွေးကြောတွေဟာ ကော်လာဂျင် အလုံအလောက်မရှိရင် သွေးကြောတွေ အားနည်းလာပါတယ်။ သွေးလွှတ်ကြောတွေ ကျဉ်းသွားခြင်းကြောင့် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ကော်လာဂျင်ဟာ ကောင်းတဲ့ HDL ကိုလက်စထရောအဆင့်ကို ပျမ်းမျှ 6% တိုးစေပါတယ်။ HDL ဟာ atherosclerosis အပါအဝင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေအတွက် အရေးကြီးသောအချက်တစ်ခု ဖြစ်ပါတယ်။

ကော်လာဂျင် သောက်သုံးခြင်းဟာ ဆံပင်နဲ့ လက်သည်းကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး ကြွပ်ဆတ်ခြင်းကို တားဆီးပေးပြီး လက်သည်းတွေကို သန်မာစေပါတယ်။ ဆံပင်နဲ့ လက်သည်တွေး ပိုမိုရှည်လျားလာစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါ့အပြင် အူလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အချို့ရောဂါတွေအတွက်လည်း ဖြည့်စွက်စာအဖြစ် အသုံးပြုကြပါတယ်။ဒါ့အပြင် ကော်လာဂျင် ဖြည့်စွက်စာ သောက်သုံးခြင်းက ကိုယ်အလေးချိန် လျော့ကျစေပြီး ဇီဝဖြစ်ပျက်မှုကို မြန်စေတယ်လို့ ဆိုပါတယ်

Share

Loading Next Article...
က္က