ဒီနေ့က ဟန်ဘုန်းထက်ရဲ့ မွေးနေ့လေးပါ။

ဖခင်ဖြစ်သူကလည်း သားလေးတွေအတွက် “Happy birthday my son 😘ဘယ်ချိန် ဘယ်နေရာပဲရောက်ရောက် မင်းဟာ ပါးပါးသားဆိုတာ မမေ့နဲ့” ဆိုတဲ့ စကားလေးနဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးထားပါသေးတယ်။

Photo : သူရီလင်းထက် FB

ဒီနေ့ (ဖေဖော်ဝါရီ ၁၆ရက်)က ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့ သားဦးလေး ဟန်ဘုန်းထက်ရဲ့ မွေးနေ့လေးပါ။ မွေးနေ့လေးမှာ မိခင်ဖြစ်သူက သူ့ကို မွေးဖွားခဲ့ချိန်က အမှတ်တရလေးတွေ တချို့ကို ပြန်ပြောပြရင်း မွေးနေ့ဆုတောင်းစကားလေး ဆိုခဲ့ပါသေးတယ်။

“Happy birthdayပါ သားသားရေ လွန်ခဲ့တဲ့ ၁၆နှစ်က ဒီချိန် မားမားဗိုက်ထဲကနေ ထွက်ချင်လို့ ရေမွှာကိုဖောက်ထုတ်လိုက်တဲ့ သားသား ဗိုက်က မနာတော့ နေ့လည် မှ ခွဲမွေးပေးခဲ့ရတဲ့သားသား။ ပါးပါးက ခွဲမွေးမှ သူ့ကလေး ကောင်းကောင်းမွန်မွန်ထွက်လာမှာတဲ့လေ သားဦးလေးရတော့ သူငယ်ချင်းတွေကို လှမ်းကြွားနေရတဲ့ ပါးပါး ။ ခွဲခန်းက ထွက်လာတော့ ကလေးယူပြေးပြီး အနှီးဖြေကြည့် ကိုယ်လက်အင်္ဂါစုံမစုံ အပြေးအလွှားကြည့်ကြတဲ့ မေကြီးဇာဇာနဲ့ ဖွားဖွား မြေးဦးလေးကို ကြည့်မဝဖြစ်နေတဲ့ ဖိုးဖိုး ခုထိ မေ့မရတဲ့ မြင်ကွင်းလေးတွေကို ဇာတ်ကြောင်းပြန်သလို ပြန်မြင်ယောင်မိပါတယ် ချစ်သော သားသားလေးရေ” ဆိုပြီး သူရီလင်းထက်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဒီနေ့မနက်ပိုင်းက ရေးသားခဲ့တာပါ။


Photo : သူရီလင်းထက် FB

ဖခင်ဖြစ်သူကလည်း သားလေးတွေအတွက် “Happy birthday my son 😘ဘယ်ချိန် ဘယ်နေရာပဲရောက်ရောက် မင်းဟာ ပါးပါးသားဆိုတာ မမေ့နဲ့” ဆိုတဲ့ စကားလေးနဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးထားပါသေးတယ်။

ဟန်ဘုန်းထက်ဟာ မိခင်နှစ်ပါးစလုံးရဲ့ ချောမောလှပမှုကို ရရှိထားသလို အနုပညာအမွေကိုပါ ရရှိထားတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ ပရိသတ်တွေရဲ့အထူးစိတ်ဝင်စားမှုကို ရရှိနေပြီး သရုပ်ဆောင်လုပ်ဖို့ကမ်းလှမ်းချက်တွေ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။


မိခင်ဖြစ်သူ သူရီလင်းထက်အနေနဲ့ သားဖြစ်သူရဲ့ ဝါသနာကို ဘေးကနေအပြည့်အဝပံ့ပိုးကူညီပေးမှာ ဖြစ်ကြောင်းကိုလည်း Duwun မှာ ပြောပြခဲ့ဖူးပါတယ်။

"သူတို့အဖေက တော့ အေးအေးဆေးဆေးသမားမို့လို့သူ့သားလေး ပရိသတ်တွေချစ်ခင်ပေးကြတာကိုတော့ သူဝင်ဖတ်ကြည့်တယ်၊ ဝင်ကြည့်ပေးတယ်။ သားနဲ့သမီးကိစ္စတွေအကုန်လုံးကို အစ်မကိုလွှဲပေးထားတယ်။ အစ်မအနေနဲ့သားလေးနဲ့သမီးလေးကိုဝန်းရံပေးကြလို့ ချစ်ပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်။ အမကတော့ ကလေးတွေရဲ့ ဝါသနာကို အပြည့်အဝပံ့ပိုးကူညီပေးမှာပါ" လို့ ဆိုပါတယ်။

Photo : သူရီလင်းထက် FB

သရုပ်ဆောင် ညိုလင်းထက် နဲ့ သူရီလင်းသစ်တို့ကတော့ ၂၀၀၆ခု နှစ်မှာအိမ်ထောင်ပြုခဲ့ ကြပြီး ၂၀၀၇ နှစ်မှာ သားလေး ဟန်ဘုန်းထက်ကိုမွေးဖွားခဲ့ကြပါတယ်။ ၂၀၁၂ခု နှစ်မှာတော့ သမီးလေး သုသုလင်းထက်ကိုခု မွေးဖွားခဲ့တာပါ။ သရုပ်ဆောင်ညိုလင်းသစ်ကဟာ သားကြီးဖြစ်သူ ဟန်ဘုန်းထက်ကို မွေးဖွားသည်အထိ အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့သူဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သရုပ်ဆောင်သူရီလင်းသစ်ရဲ့ မိသားစု စီးပွားရေးဖြစ်တဲ့ မော်လမြိုင်က ရွှေပန်းတိမ်အလုပ်ကိုလုပ်ကိုင်ခဲ့ကြပြီး နောက် အခုလက်ရှိမှာတော့ မင်းသားညိုလင်းထက်က မြဝတီမှာပဲ စီးပွားရေးအလုပ်တွေကိုလုပ်ကိုင်နေတယ်လို့သိရပါတယ်။


သရုပ်ဆောင်ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ အိမ်ထောင်သက်တမ်းကတော့ ၁၆နှစ်ထဲကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်ထားကြသူတွေလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က