အသက် ၂၃ နှစ်အရွယ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး အီတလီမှာ ရေခဲသေတ္တာ၊ အိမ်သုံးပစ္စည်းတွေကို လိုက်လံပို့ဆောင်ပေးသူအဖြစ် ဘ၀ကို အသက်မွေးခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်က ဘရာဇီးလ်ကနေ အီတလီကို ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖြစ်နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဆီးယပ်စ်ဟာ အခုတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး အီတလီမှာ ရေခဲသေတ္တာ၊ အိမ်သုံးပစ္စည်းတွေကို လိုက်လံပို့ဆောင်ပေးသူအဖြစ် ဘ၀ကို အသက်မွေးခဲ့ရပါတယ်။
ဒီလိုအသက်မွေးနေရင်းနဲ့ပဲ တဖက်မှာ ဝါသနာပါတဲ့ ဘောလုံးကို ကစားနေခဲ့တဲ့ မက်ဆီးယက်စ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကအထိ အီတလီစတုတ္ထတန်းမှာ ကစားခဲ့ရပါတယ်။ အပျော်တမ်းအဆင့်သာသာရှိတဲ့ လိဂ်တွေမှာ ကျင်လည်နေခဲ့ရင်း အသက်အရွယ်သာကြီးရင့်လာခဲ့ပြီး ကြိုးစားသမျှ အရာထင်ဖို့က နှစ်တွေအများကြီးစောင့်ဆိုင်းနေခဲ့ရပါတယ်။
သူ့အသက် ၂၈ နှစ်မှာမှ စီးရီးဘီမှာ ကစားခွင့်ရခဲ့ပြီး ၂၉ နှစ်မှာတော့ စီးရီးအေပွဲတွေ စတင်ကစားခွင့်ရရှိလာခဲ့တာပါ။ ခရိုတိုနီအသင်းအတွက် ပြီးခဲ့တဲ့ကာလတွေမှာ ခြေစွမ်းပြခဲ့တဲ့နောက် ဒီရာသီမှာ သူ့ကို အေစီမီလန်က အငှားနဲ့ခေါ်ယူခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်မှူးအဖြစ်ကစားနိုင်တဲ့ မက်ဆီးယက်စ်ဟာ အေစီမီလန်အတွက် စုစုပေါင်းမှ ၃ ပွဲတည်းသာ ကစားခွင့်ရခဲ့သေးတာပါ။
ဒီဂိုးက အေစီမီလန်ကို နောက်တဆင့်တက်ရောက်နိုင်စေဖို့အတွက် အသက်ဆက်ပေးခဲ့တာဖြစ်ပြီး ပေါ်တို၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့အပြိုင်အဆိုင်ဖြစ်သွားစေခဲ့ပြီး အေစီအတွက် ဒီရာသီပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲလည်းဖြစ်လာခဲ့ပါတယ်။