ပေါ်တူဂီသားက သူ့ထက် ရုပ်ပိုင်းဆိုင်ရာသန်မာတယ်လို့တော့ ဝန်ခံခဲ့ပါတယ်။

ဟော်လန်ဂန္ထဝင်ကစားသမားဟောင်း​ကြီး မားကို့စ်ဗန်ဘက်စတန်က သူသာ အသက် ၃၈ နှစ်အရွယ်အထိ ကစားခဲ့မယ်ဆိုရင် လက်ရှိရော်နယ်ဒို ကစားနေတာထက် ပိုကောင်းခဲ့မှာလို့ ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ အယ်လ်နာဆာမှာ လတ်တလောခြေစွမ်းပြနေပြီး အသင်းကို အာရပ်ကလပ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ကာ ဂိုးတွေလည်း ဆက်တိုက်သွင်းယူနိုင််ခဲ့ပါတယ်။ 

အယ်လ်နာဆာကို ရောက်ရှိခဲ့ပြီးချိန်ကစလို့ သူက အသင်းအတွက် ၂၅ ပွဲမှာ ဂိုးပေါင်း ၂၀ အထိ သွင်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၁ နှစ်အရွယ်မှာ ကစားသမားဘ၀ကနေ ဗန်ဘက်စတန်ကတော့ ဒီနေ့ခေတ်ကစားသမားတွေထဲမှာ သူနဲ့အနီးစပ်ဆုံးတူတဲ့သူက ဘယ်သူလဲဆိုတာကို ဆွေးနွေးရင်း သူသာ ဆက်ကစားဖြစ်ခဲ့ရင် ရော်နယ်ဒိုထက် ပိုကောင်းမယ်လို့ ပြောသွားခဲ့ပါတယ်။ 

"ဒီနေ့ခေတ်မှာ ကျနော်နဲ့ တူညီတဲ့ ကစားသမားတွေဆိုရင်တော့ လီဝန်ဒေါစကီးက ကျနော်နဲ့ နည်းနည်းဆင်တူပါတယ်၊ ခရစ္စတီယာနိုရော်နယ်ဒိုကလည်း နည်းနည်းတော့နီးစပ်မှာပါ၊ ဒါပေမယ့် သူက ကျနော့်ထက် ရုပ်ပိုင်းဆိုင်ရာ ပိုပြီးအားကောင်းတာပဲ ရှိမှာပါ၊ သူက အသက် ၃၈ နှစ်အရွယ်အထိ ကစားနေဆဲပါ"

"ဒါပေမယ့် ကျနော်လည်း အဲဒီအရွယ်ထိသာ ကစားခဲ့မယ်ဆိုရင် ကျနော်က ပိုပြီးတော့ ကောင်းလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဗန်ဘက်စတန်ကတော့ အေဂျက်ဇ်၊ အေစီမီလန်တို့မှာ ကစားပြီး ထင်ပေါ်ကျော်ကြားခဲ့ကာ နယ်သာလန်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က