အိုးထရက်ဖို့ဒ်ကွင်းရှေ့မှာ တောင်းဆိုခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တယောက်ဟာ အိုးထရက်ဖို့ဒ်ကွင်းရှေ့မှာ ဖာဂူဆန်နဲ့တွေ့ဆုံခဲ့စဥ်က ယူနိုက်တက်ဆီ ပြန်လာဖို့အတွက် တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ ဖာဂူဆန် အိုးထရက်ဖို့ဒ်ကွင်းထဲကထွက်လာပြီး သူ့ကားပေါ်ကိုတက်ဖို့ လုပ်နေတဲ့အချိန်မှာ ဒီလိုမျိုးတောင်းဆိုခဲ့တဲ့ ပရိသတ်နဲ့ ဆုံတွေ့ခဲ့တာပါ။



TikTok ပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုအရ အဆိုပါ ပရိသတ်ဟာ ဖာဂူဆန်ကို တွေ့တဲ့အချိန်မှာ “အို ဘုရားသခင်ရေ။ ဖာဂူဆန်က ဒီမှာပဲ။ ဖာဂီရေ... ဖာဂီရေ။ အသင်းဆီပြန်လာပြီး နည်းပြပြန်လုပ်ပေးပါ။ ကျနော်တို့ ခင်ဗျားကို လိုအပ်နေတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၈၀) အရွယ် ဖာဂူဆန်ကတော့ အဆိုပါ ပရိသတ်ကို တစုံတရာတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

ဖာဂူဆန်ဟာ ပြုံးပဲပြုံးပြသွားခဲ့ပြီးနောက် သူ့ရဲ့ BMW ကားပေါ်ကို တက်ကာ ထွက်ခွာသွားခဲ့ပါတယ်။ ဖာဂူဆန်ဟာ အမှုဆောင်အရာရှိချုပ်ဟောင်း ဒေးဗစ်ဂီးလ်နဲ့အတူ အသင်းဘုတ်အဖွဲ့ အကြံပေးအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို (၂၆) နှစ်တာ ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်းမှာ အသင်းကို အောင်မြင်မှုဆုဖလားပေါင်းများစွာ ဆွတ်ခူးစေခဲ့ပါတယ်။

ဖာဂူဆန်အနေနဲ့ ယူနိုက်တက်ကို အခုချိန်ထိ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း တော်တော်လေး ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရရှိဖို့တောင် ခက်ခဲလာခဲ့ပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်ကစားသမားတွေကို တင်းကျပ်တဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဂူဆန်ခေတ်လွန်မှာ ယူနိုက်တက်ကစားသမားတွေကတော့ နည်းပြတွေရဲ့ နည်းစနစ်နဲ့ ဗျူဟာတွေအပေါ်မှာ မကျေနပ်တာ၊ မလိုက်နာတာမျိုးတွေ ပြုလုပ်နေကြတာကြောင့် ဒီပရိသတ်က ဖာဂူဆန်ကို ပြန်လာဖို့ တောင်းဆိုခဲ့တာလည်းဖြစ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က