အသက်၂၀ကွာတဲ့ အိမ်ထောင်ရေးတစ်ခုကိုထူထောင်ထားတဲ့ အငြိမ့်မင်းသမီးရေကြည်ချမ်းမြကတော့ သူမရဲ့အိမ်ထောင်ဖက် သရုပ်ဆောင်ဝေဠုကျော်အပေါ် ဆိုးချင်တိုင်းဆိုးလို့ရတဲ့အပြင် အလိုလိုက်ခံနေရတဲ့အကြောင်းကိုအင်တာဗျူးတွေကတဆင့်ဖြေကြားလာခဲ့ပါတယ်။
ပရဟိတမင်းသားဝေဠုကျော်ရဲ့ဇနီးချောလေး အငြိမ့်မင်းသမီးရေကြည်ချမ်းမြကတော့သူမနဲ့သရုပ်ဆောင်ဝေဠုကျော်တို့ဟာ အသက်၂၀လောက်ကွာဟတာကြောင့်ဆိုးချင်တိုင်းဆိုးလို့ရတဲ့အကြောင်းကို "နောက်လ ၂လပိုင်း၂၂ရက်ဆိုရင် အိမ်ထောင်ကျတာ ၁နှစ်ပြည့်ပြီ။ ဆိုးတာကတော့ ကိူယ်ကတစ်ခါခါ ချစ်ကကို့ကို ဆိုးမှာနော်ဆိုရင် ဆိုးဆိုးကြိုက်သလောက်ဆိုးကိစ္စမရှိဘူး။ သူကအဲ့လိုပြောတယ်။ အသက်ကွာတဲ့အတွက်ဒါကတော့ထုံးစံပဲပေါ့နော်။ အစ်ကိုနဲ့ညီမကနားလည်မှုရှိရှိနဲ့အိမ်ဌာင်တစ်ခုကိုထူထောင်ထားတယ်။ ယုံကြည်မှုတစ်ခုကိုလည်းတည်ဆောက်ထားတယ်။ ကြိုက်တာလုပ်ဘာမှမဖြစ်ဘူး။ ဘာမှမပြောဘူး။ ကိုယ်ကလည်းမဟုတ်တာဘာမှမလုပ်ဘူးပေါ့"ဆိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့သူမတို့အိမ်ထောင်ရေးအကြောင်းကိုပြောပြလာပါတယ်။
Photo-Yay Kyi Chan Mya
အသက်၂၀လောက်ကွာပေမယ့်လည်းသူမရဲ့အမျိုးသားသရုပ်ဆောင်ဝေဠုကျော်ကတော့ ပရိဟိတအလုပ်တွေကိုစိတ်ရောကိုယ်ပါနှစ်ပြီးအားစိုက်လုပ်နိုင်တဲ့အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။
" ခရီးသွားရင်လည်းအစ်မကလိုက်တယ်။ အမြဲတမ်းလိုက်ဖြစ်တယ်။ သူကလည်းအမြဲတမ်းခေါ်သွားတယ်။ မထားခဲ့ဘူး။ ပရဟိတနဲ့ပတ်သက်ပြီးတော့ ကိုယ်ကလည်းဝါသနာပါတဲ့အခါကြတော့ သူဒါလုပ်နေတာကိုယ်သိနေတာဆိုတော့ ဒီပရဟိတအလုပ်ကိုလိုက်လုပ်ပေးရမှာပဲလေ။ ကိုယ်ဝါသနာမပါခဲ့ရင်တောင်လိုက်လုပ်ပေးရမှာပဲလေ။ ကိုယ်ကလည်းဝါသနာပါနေတာဆိုတော့ ပိုပြီးတော့အဆင်ပြေသွားတာပေါ့။ကိုယ့်ထက်သွက်လက်တယ်။ ကိုယ်ကမှ လေးနေသေးတယ်။ သူက Strong ဖြစ်တယ်။ အလုပ်ကိုသူ့အကျိုးထက်သူများအကျိုးကိုပိုလုပ်တယ်။ အခုလမ်းမှာသွားနေရင်းနဲ့ တယောက်ယောက်ကတစ်ခုခုဖြစ်နေတယ်ဆိရင်Accidentဖြစ်တာမျိူးဆို အရေးပေါ်ကားခေါ် သူကိုယ်တိုင်ဝင်ကူဝင်လုပ်တာမျိုးပေါ့။ သူ့ဆီကသင်ယူရတာတော့အများကြီးပါပဲ။ သူက ကိူယ့်ထက်လည်းပိုပြီးတော့တော်တယ်လေ။ အကုန်လုံးလည်းသင်ပေးတယ်။ ကိုယ်ကငယ်တော့သူ့လောက်မသိတာတွေလည်းအများကြီးပဲဆိုတော့ သင်ပေးတယ်။ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်ဆိုတာမျိူးတွေသင်ပေးတယ်"ဆိုပြီးပြောပြလာပါတယ်။
Photo- Yay Kyi Chan Mya
သူမနဲ့သရုပ်ဆောင်ဝေဠုကျော်တို့နှစ်ဦးကတော့ မြင်မြင်ချင်းအချစ်တော့မဟုတ်ပေမယ့်လည်း သံယောဇဥ်ကနေတည်ဆောက်ပြီး ပိုပြီးအချစ်တွေတိုးလာခဲ့တာပါလို့လည်းပြောပြခဲ့ပါတယ်။
Photo-Yay Kyi Chan Mya
သရုပ်ဆောင်ဝေဠုကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ ၂၀၂၃ခု နှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ မဂ်လာသက်တမ်း(၁နှစ်)ပြည့်တော့မှာဖြစ်ပါတယ်။
ရေကြည်ချမ်းမြကတော့ ပြည်သူချစ်အငြိမ့်မင်းသမီးချောလေးတစ်ဦးဖြစ်ပြီး အခုဆိုရင်သူမရဲ့အမျိုးသားဖြစ်သူ သရုပ်ဆောင်ဝေဠုကျော်နဲ့အတူ ပရဟိတအလုပ်တွေကိုအတူတကွ လုပ်ကိုင်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။
Photo-Yay Kyi Chan Mya
ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။