အသက်အာမခံဝယ်ထားဖို့လို့ ပြောတဲ့အခါ မဝယ်သေးပါဘူးကွာ ဆိုပြီး တွေးမိလား? ဘာတွေကိုစဥ်းစားမိပြီး အသက်အာမခံ ဝယ်ဖို့ တွေဝေနေတာလဲ?

တစ်စုံတစ်ယောက်က အသက်အာမခံဝယ်ဖို့အကြောင်းပြောပြတဲ့အခါ ကျွန်တော်တို့တစ်တွေက အတွေးတွေအများကြီးတွေးပြီး နောက်တော့ဝယ်တာပေါ့လို့ ပြောတတ်ကြပါတယ်။ ဒါမှမဟုတ် စဥ်းစားဦးမယ်လို့လဲ တွေးဖြစ်ကြပါတယ်။ ဘာတွေက အသက်အာမခံဝယ်ဖို့ကို နှောင့်နှေးစေတာလဲ။



အဖြေကတော့ ရှင်းပါတယ်။ လွဲချော်ပြီးသိထားတဲ့အတွေးတွေက ကိုယ့်ကိုတွေဝေစေတာပါ။

၁။ ငါ့အသက်က ငယ်သေးတာကို အသက်အာမခံလိုလို့လား?

အသက်အာမခံထားဖို့ ငယ်သေးတယ်ဆိုတာမရှိပါဘူး။ တကယ်က အသက်ငယ်တုန်းမှာ အာမခံထားလေ ပေးသွင်းရတဲ့ ပရီမီယံကြေးကနည်းပြီး အကာအကွယ်ပေးမယ့် အချိန်ကာလများများယူနိုင်လို့ ကိုယ့်အတွက် အရမ်းကို အကျိုးရှိပါတယ်။ အသက်ကြီးမှသာ အာမခံထားမယ်ဆို ပေးသွင်းရမယ့် ပရီမီယံကြေး မြင့်လာတတ်လို့ပါ။

၂။ အာမခံကြေးတွေက အများကြီးပေးရပြီး စျေးကြီးတယ်။

အသက်အာမခံဆိုတာ ကိုယ်အာမခံထားမယ့်သက်တမ်းကို ကိုယ်ရတဲ့ဝင်ငွေ‌ပေါ်မူတည်ပြီးမှ အသေအချာတွက်ချက်ထားရှိရတာဖြစ်လို့ သက်တမ်းနဲ့တွက်ရင် စျေးမကြီးပါဘူး။ ပြီးတော့ အသက်အာမခံကြေးက တစ်လုံးတစ်ခဲတည်းပေးလိုက်ရတာမျိုး မဟုတ်ပါဘူး။ ဥပမာ သိန်း ၅၀ ပလန် (Plan)ကို အာမခံသက်တမ်း ၁၀နှစ်နဲ့ထားမယ်ဆို အကြမ်းဖျင်းအားဖြင့် တစ်နှစ်ချင်း ၅ သိန်းသွင်းရတာမျိုးပါ။ ဆိုတော့ တကယ်တမ်းဆို တစ်လမှ ငွေလေးသောင်းလောက် ကျတာမျိုးပေါ့။

၃။ အသက်အာမခံက အရေးတကြီးမလိုသေးဘူး။

အခုလို မရေမရာနဲ့ ရောဂါဘယတွေများပြားလာတဲ့ခေတ်ကြီးမှာ ကိုယ့်ကိုကိုယ်ရော၊ ကိုယ်ချစ်ရတဲ့မိသားစုတွေအတွက်ပါ သေချာတဲ့စီစဥ်မှုမျိုးတွေ၊ အကာအကွယ်တွေ ကြိုပြီးလုပ်ထားဖို့ မဖြစ်မနေကို လိုလာပါပြီ။ ကလေးတွေနောင်ရေး၊ မိသားစုကျန်းမာရေး၊ အသုံးစရိတ်၊ ကျန်းမာရေးစရိတ်စကတွေဆိုတာ ကြိုကြိုတင်တင်နဲ့ အစီအစဥ်ချထားမှသာ အဆင်ပြေမှာပါ။ ကိုယ်က ဒီအရာတွေဦးဆောင်နေရတဲ့သူဆို ကိုယ်တိုင်မကျန်းမမာဖြစ်လာတာ၊ ဝင်ငွေရှာနိုင်တာနည်းသွားတာ ဒါမှမဟုတ် လုံးဝကို ဝင်ငွေမရှိတော့တာ စတာတွေဖြစ်မယ်ဆို စုဆောင်းထားတဲ့ငွေကြေးရှိမှ အဆင်ပြေနိုင်ပေမယ့် ကိုယ်စုတာကိုယ်ထုတ်သုံးတာထက် ကိုယ်နဲ့ကိုယ်ချစ်တဲ့ မိသားစုတွေအတွက် အနာဂတ်အထိကိုပါ အကာအကွယ်ပေးနိုင်တာကတော့ အသက်အာမခံ တစ်ခုတည်း ရှိပါတယ်။ 

၄။ အေးအေးဆေးဆေးမှဝယ်တာပေါ့။

ဘဝဆိုတာ မရေရာခြင်းတွေနဲ့ ပြည့်နေတဲ့အချိန်ကာလ အပိုင်းအခြားလေးတစ်ခုပါ။

မြန်မြန်ဆန်ဆန်ဖြစ်ပျက်ပြောင်းလဲတတ်တာတွေကြောင့် ဘဝမှာဘာဖြစ်လာနိုင်တယ်လို့ ဘယ်သူကမှ ယတိပြတ် မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိရောက်နေတဲ့အချိန်မှာတော့ သေချာတာတွေကို အကောင်းဆုံးတွေးပြီး အကောင်အထည်ဖော်နိုင်ပါတယ်။ အသက်အာမခံကလည်း ငွေကြေးအရ အထောက်အပံ့ရစေတဲ့ သေချာခြင်းတစ်မျိုးမို့ ဦးစားပေးစာရင်းမှာထည့်ပြီး အလျင်အမြန်အကောင်အထည်ဖော်ဝယ်ယူတာက မသေချာမှုတွေကို သေချာခြင်းတစ်ခုနဲ့ အစားထိုးလိုက်ခြင်းပါပဲ။

၅။ အသက်သေမှရမှာကြီးကို ဝယ်စရာလား?

ဒါကတော့ အများစုက မှတ်ထားမိတဲ့ အချက်အလက်အလွဲတစ်ခုလို့ပဲပြောရမှာပါ။ ဟုတ်ပါတယ်။ အသက်အာမခံဆိုတာ ကြိုတင်စီစဥ်မှုတစ်ခုဖြစ်လို့ ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုတွေအတွက် ငွေကြေးအရစိတ်ချလုံခြုံမှုပေးချင်လို့ ရှိလာတဲ့ အရာတစ်ခုပါ။ သို့ပေမယ့် ကိုယ်သေဆုံးမှ အာမခံငွေရတာမျိုးမဟုတ်ဘဲ တစ်စုံတစ်ရာထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါ လုံးလုံးလျားလျား ထာဝစဥ်မသန်စွမ်းဖြစ်သွားနိုင်တာတွေအတွက်လည်း အကာအကွယ်ပေးထားပါသေးတယ်။ အခုဆို ပြင်းထန်ရောဂါတွေဖြစ်လာခဲ့ရင် ဆေးကုသစရိတ် ထောက်ပံ့တာမျိုးအထိ ရှိလာနေပြီဖြစ်လို့ အပေါ်ကလိုအတွေးမျိုးက လွဲချော်နေတဲ့ အချက်အလက်တစ်ခုလို့ပဲ ဆိုရမှာပါ။

အမှတ်မှားပြီး အသက်အာမခံဝယ်ဖို့ တွန့်ဆုတ်ခဲ့တယ်ဆို အပေါ်က ပြောပြထားတဲ့အချက်အလက်အမှန်တွေကို သေချာလေးဖတ်ရင်း ဒီကနေ့ပဲ အသက်အာမခံဆိုင်ရာကျွမ်းကျင်အကြံပေးတွေနဲ့ တိုင်ပင်ပြီး ငွေကြေးဆိုင်ရာ ထောက်ပံ့မှုဖြစ်စေဖို့ အသက်အာမခံကို စုံစမ်းလိုက်ပါတော့။ ကိုယ်ကိုယ်တိုင်အပါအဝင် ကိုယ်ချစ်ရတဲ့မိသားစုတွေဆိုတာ အကာအကွယ်ပေးဖို့ထိုက်တန်လို့ပါပဲ။

Manulife Critical Illness Care ပြင်းထန်ရောဂါအာမခံအပါအဝင် Manulife ၏ အသက်အာမခံများအကြောင်း အသေးစိတ် သိရှိလိုပါက Manulife Myanmar ၏ Customer Care Team ဖုန်းနံပါတ် ၀၉၇၆၅၄၆၇၁၀၀ ၊ အီးမေလ်း Customer_Service_MM@manulife.com သို့မဟုတ် Manulife Myanmar ဝက်ဘ်ဆိုဒ်  https://www.manulife.com.mm/en/products.html သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

(ယခု ဆောင်းပါးသည် Manulife Myanmar ၏ အာဘော် ဖြစ်ပြီး Duwun မှ ကြော်ငြာကဏ္ဍ အဖြစ်ဖော်ပြပေးခြင်း ဖြစ်ပါသည်။)



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က