၂ နှစ်ကနေ ၇ နှစ်အထိ အရွယ်တွေက ဘာတွေ လုပ်တတ်သလဲ။ ၇ နှစ် အ ရွယ်ကနေ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ ဘာတွေ လုပ်တတ်ရမလဲဆိုတဲ့ ဖွံဖြိုးမှုအလိုက် အဆင့်တွေ ရှိပါတယ်။

ကလေးဆိုတာ မွေးကင်းစကနေ အရွယ်ရောက်တဲ့အထိ သူတို့ ခန္ဓာကိုယ်ဖွံဖြိုးမှုအလိုက် တတ်မြောက်ထားသင့်တဲ့ အရာတွေရှိပါတယ်။ ဥပမာ မွေးကင်းစကနေ ၂ နှစ်အ ရွယ်ကလေးဆို ဘာလုပ်တတ် ရမလဲ။ 

Photo: MentalUp

၂ နှစ်ကနေ ၇ နှစ်အထိ အရွယ်တွေက ဘာတွေ လုပ်တတ်သလဲ။ ၇ နှစ် အ ရွယ်ကနေ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ ဘာတွေ လုပ်တတ်ရမလဲဆိုတဲ့ ဖွံဖြိုးမှုအလိုက် အဆင့်တွေ ရှိပါတယ်။ အဲဒီ လို ဖွံဖြိုးမှု အဆင့်အလိုက် ပညာကို သင်ကြားပေး ရတာပါ။ တစ်နည်းအားဖြင့် ကလေးတစ်ယောက် သိသင့်သိထိုက်တာတွေအတွက် ဘယ်လိုကိုင်တွယ်သင်ကြား ရမလဲဆိုတာတွေ ရှိပါတယ်။ ကလေး ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံဖြိုးမှုအဆင့်အပေါ် မူတည်ပြီး သင်ကြားမှုပုံစံတွေ ကိုက်ညီမှု မရှိ နေရင် အဆင်မပြေနိုင်သလို သင်ကြားနည်းလည်းအောင်မြင်မှာမဟုတ်ဘူးလို့ Nway Oo Homeschooling က ဆိုပါတယ်။ 

ဒါကြောင့် စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး သင်ကြားရေး လုပ်ငန်းတွေ ပြန်စမယ်ဆိုပါက ကလေးတွေဟာ တက် ရမယ့်အတန်းထက် အရွယ်လွန်သွားတဲ့အခါ ကလေး ရဲ့ အသက်အရွယ်အပိုင်းအခြားအလိုက် ရှိသင့်ရှိထိုက်တဲ့ သင်ကြားခြင်းလုပ်ဖို့ တော်တော်ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ စာသင်ကျောင်းတွေပြန်ဖွင့်မယ်ဆို ရင် ဆရာ /ဆရာမတွေသာမက ကျောင်းသားကျောင်းသူတွေပါ ကြုံရမယ့် စိန်ခေါ်မှု တွေ ကြီးလိမ့်မယ်လို့ ယူဆကြောင်း Nway Oo Homeschooling ကဆိုပါတယ်။ 

Photo: Shopee

ကလေးရဲ့ ဖွံဖြိုးမှုအဆင့်အလိုက် လုပ်ဆောင်လာနိုင်တဲ့အရာတွေ

မွေးစကနေ ခြောက်လအတွင်း

မွေးစကနေ ခြောက်လအတွင်းမှာဆို ကလေးက ဦးနှောက်စတင်ဖွံဖြိုးလာပါမယ်။ မွေးကင်းစဆို ခေါင်းမထောင်နိုင်တဲ့ကလေးက ၃ လအ ရွယ်မှာ ခေါင်းလေး ထောင်တတ်လာပါမယ်။ ၄ လဆို ခြေဖဝါးလေးထိန်းနိုင်မယ်။ ပြုံးပြတတ်မယ်။ ဘေးဘီဝဲယာကိုလည်း ကြည့်တတ်လာမယ်။ 


တစ်နှစ်အရွယ် 

တစ်နှစ်မှာဆို ကလေးက လူစိမ်းဆို သိသွားမယ်။ စထိုင်တတ်လာမယ်။ လေးဘက်ထောက်သွားတာတွေ လုပ်လာတဲ့အပြင် အနည်းငယ်လမ်းလျှောက်တတ်စပြုလာမယ်။ သွားတွေ စပေါက်စပြုလာမယ်။ 

နှစ်နှစ်အရွယ် 

လမ်းကောင်းကောင်းလျှောက်တတ်လာမယ်။ လှေကားအတက်အဆင်းတွေ လုပ်တတ်လာမယ်။ စကားလေးတွေ ပြောတတ်လာမယ်။ 

နှစ်နှစ်ကနေ ခြောက်နှစ် အရွယ်

ကလေးဆိုတာ ဦးနှောက်ဖွံဖြိုးတာနဲ့အညီ သူ ရဲ့လုပ်ငန်းဆောင်တာတွေ ပြောင်းလဲလာပါမယ်။ မွေးကင်းစနေ ဆုပ်ထားတဲ့ လက်သီးဆုပ်ကလေးဟာ အသက်အ ရွယ်ကြီးလာတဲ့အခါ လက်ဖဝါးလေးတွေ တဖြည်းဖြည်းလှုပ် ရှားလာပါမယ်။ အဲဒီလို လှုပ်ရှား ရင်းကနေ ၃ နှစ် ၄ နှစ်အ ရွယ် ရောက်လာတဲ့အခါ ဝလုံးလေးတွေ ရေး တတ်စပြုလာတဲ့ အနေအထားကို ရောက်လာပါတယ်။ အဲဒါကြောင့် အဲ့ဒီအရွယ်လေးတွေမှာ မူကြိုစထားတာ ဖြစ်ပါတယ်။ အဲဒီအ ရွယ် ရောက်ပြီဆို ကျောင်းစထားဖို့ စဥ်းစားရပါတော့မယ်။


Photo: Learning Bix

ခုနှစ်နှစ်ကနေ ဆယ်ကျော်သက် အရွယ်

သူငယ်ချင်းအပေါင်းအသင်းတွေကို ခုံမင်တတ်လာသလို ပူးပေါင်းဆောင်ရွက်တတ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှု ပြောင်းလဲလာမှုတွေကိုလည်း သိလာပါပြီ။ ပြိုင်ဆိုင်ကစားလိုစိတ်တွေ၊ သိလိုစိတ်တွေ ပြင်းပြတဲ့ အရွယ်လည်း ဖြစ်လာပါတယ်။ 

ကလေးဖွံဖြိုးမှုအလိုက် သင်ကြားနည်းစနစ်တွေ

သင်ကြားနည်းစနစ်တွေဆိုတာလည်း ကလေး ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဥာဏ် ရည်ပိုင်း စတဲ့ ဖွံဖြိုးမှုတွေနဲ့ဆက်စပ်ပါတယ်။ ကလေးကို သင်တဲ့အခါမှာ သုံးမျိုး ရှိပါတယ်။ Head , Hand and Heart လို့ခေါ်ပါတယ်။ Head ဆိုတာက ခေါင်းထဲကို ရောက်အောင် တွေးတတ်အောင် သင်ပေးတာပါ။ Hand ဆိုတာက လက်ကိုအသုံးပြုတဲ့ သင်ကြားနည်းပါ။ နောက်တစ်ခု Heart ဆိုတာကတော့ နှလုံးသားနဲ့သင်ကြားတာဖြစ်ပါတယ်။

  ဥပမာ - မူကြိုအ ရွယ်မှာ ကဗျာတွေ သင်တယ်ဆိုတာ ကလေးတွေကို လျှာလေးတွေ သွက်လာအောင်၊ စိတ်ပျော်ရွှင်လာအောင် စသဖြင့် သင်ကြားတာပါ။ မူလတန်းမှာ ကဗျာတွေကို ဟန်ပန်အမူအရာတွေနဲ့ သင်တယ်ဆိုပါက ဒါဟာ ကလေးတွေ အရိုးအဆစ်ပိုင်းတွေ သန်မာအောင်လို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်တစ်ခု ရောက်လာလို့ ဆရာ ဇော်ဂျီ့လို ကဗျာမျိုးတွေသင်တယ်ဆိုရင်တော့ ဒါဟာ ရသကို ခံစားတတ်အောင် သင်ပေးတာမျိုးဖြစ်ပါတယ်။ အဲဒီတော့ အကြောင်းအရာ တစ်မျိုးတည်းသင်မယ်ဆိုရင်တောင် အသက်အရွယ်အလိုက် သင်ကြားနည်းစနစ်တွေ မြင့်လာဖို့လိုအပ်ပါတယ်။ 

တစ်ခါတစ်လေမှာ KG တန်းကို စာတွေ မသင်သေးဘဲ ဆော့ကစားစေတာ၊ ကဗျာရွတ်သင်ပေးတာ၊ လက်ခုပ်တီးသင်ပေးတာတွေမျိုးက ကလေးကို စာတွေ စတင် ရေးနိုင်အောင် အဆင့်သင့်ဖြစ်အောင်လို့ သင်ပေးတာဖြစ်ပါတယ်။ 

Photo: National University

တီထွင်ကြံဆမှုကောင်းတဲ့ အရွယ်နဲ့ စဥ်းစားတွေးခေါ်မှုတွေ မြင့်မားတဲ့အရွယ်

လူဆိုတာ အသက်ငယ်တဲ့အရွယ်က ဦးနှောက်ဖွံဖြိုးမှုအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသစ်အဆန်းတွေ သင်ယူနိုင်ပြီး ပိုပြီးတော့ တီထွင်ဖန်တီးကြံဆမှုအားကောင်းပါတယ်။ ဒါပေမယ့် အသက်အရွယ် တဖြည်းဖြည်း ကြီးလာပြီဆိုတာနဲ့ လူက သင်ယူမှုတွေ ကျဆင်းလာပြီး သင်ယူနိုင်စွမ်းတွေ ငြိမ်ကျသွားပါတယ်။ သင်ယူခဲ့တဲ့ အရာတွေကို ပြန်အသုံးချဖို့ ကြိုးစားလာကြပါတယ်။ အဲ့ဒီအချိန်မှာ အကျိုးသင့်အကြောင်းသင့် စဥ်းစားတွေးခေါ်မှုတွေ ပိုပြီးတော့ မြင့်လာပါတယ်။ 


ဥပမာပြောရရင်မွေးစကလေး ဗိုက်ဆာတဲ့အချိန်မှာ စကားမပြောတတ်တော့ အော်ငိုလိုက်တယ်ဆိုတာ သူ့အတွက် ဒီလို အခြေအနေမှာ ဖြေ ရှင်းနည်းက ငိုတာပဲ ရှိတာပါ။ ဒါပေမယ့် နည်းနည်းအသက်ကြီးလာတဲ့ကလေးမှာတော့ အော်မငိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်ဆာနေပြီဆို တစ်ယောက်ယောက်ကို ပါးစပ်ကနေ ထုတ်ပြောရမယ် ဆိုတဲ့ အကျိုးသင့်အကြောင်းသင့် စဥ်းစားတွေးခေါ်မှုတွေ မြင့်လာတာပါ။ 

“ ဒါကြောင့် ငယ်တုန်းအချိန်မှာ ဖန်တီးနိုင်မှု တွေ မြင့်လာပြီးတော့ ကြီးတဲ့အခါကျတော့ အကျိုးသင့်အကြောင်းသင့် စဥ်းစားတွေးခေါ်မှုတွေ မြင့်လာတယ်။ အဲဒီလိုမျိုး ဦးနှောက်က အသက်အရွယ်အလိုက် ပြောင်းလဲပါတယ်။ “ လို့ Nway Oo Home Schooling မှ ဆိုပါတယ်။ 



သတင်းဆောင်းပါးပါ အချက်အလက်များသည် Nway Oo Homeschooling နှင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်နီလာတို့၏ ဆွေးနွေးအကြံပြုချက်များဖြစ်ပါသည်။


Share

Loading Next Article...
က္က