အသက်အာမခံဆိုတာ ငွေကြေးပိုင်းဆိုင်ရာကာအကွယ်အတွက် အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ကိုယ်ဟာ  ပြုစုစောင့်ရှောက်ရမယ့် သက်ကြီးရွယ်အို မိဘနှစ်ပါးရှိပြီး အလုပ်အကိုင်ရှိတဲ့လူလွတ်တစ်ယောက်ဆိုရင် ကိုယ်သာ တစ်ခုခုဖြစ်သွားခဲ့ရင်  ကျန်ရစ်ခဲ့ရမယ့်မိဘအတွက် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး တွေးပြီးစိတ်ပူနေတဲ့သူမျိုးလား။ ဒါမှမဟုတ် ကိုယ်မရှိတော့တဲ့အခါမှာ ကျန်ခဲ့မယ့် ကိုယ့်ရဲ့လက်တွဲဖော်နဲ့ သားသမီးတွေရဲ့ရှေ့ရေးကို စိတ်ပူနေတဲ့သူလား။ ဒါမှမဟုတ် ကိုယ်နာမကျန်းဖြစ်တဲ့အခါ သားသမီးတွေအပေါ်ကျလာနိုင်တဲ့ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကိုစိုးရိမ်နေတဲ့ အသက်ကြီးနေပြီဖြစ်တဲ့ မိဘတစ်ယောက်လား။



ဘယ်လိုအသက်အရွယ်အပိုင်းအခြားအတွက်မဆို ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်ဆိုတာက ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေအားလုံး ပပျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီလိုကာကွယ်ထားခြင်းဟာ မမျှော်လင့်ထားတဲ့ကိစ္စရပ်တွေကို ဘဝမှာ ကြုံတွေ့လာရတဲ့အခါမျိုးမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေဟာ စိတ်ပူပန်မှုလျော့နည်းစေပြီး အေးအေးဆေးဆေးကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အနာဂတ်ငွေကြေးကိစ္စရပ်တွေအတွက် အခြေခိုင်တဲ့ အုတ်မြစ်တစ်ခုတည်ဆောက်လိုက်သလိုမျိုးလည်း ဖြစ်ပါတယ်။


 

အသက်အာမခံနဲ့ ငွေကြေးပိုင်းဆိုင်ရာ ကာကွယ်လိုက်ပါ


အသက်အာမခံဆိုတာ ငွေကြေးပိုင်းဆိုင်ရာကာအကွယ်အတွက် အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ ဘဝအချိုးအကွေ့ကိစ္စရပ်တွေရဲ့ နောက်ဆက်တွဲ ငွေကြေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေကနေ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ဒိုင်းတစ်ခုသဖွယ် မားမားမတ်မတ် ကာကွယ်ပေးသွားမှာပါ။ ခက်ခဲတဲ့အချိန်ကာလတွေမှာ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

 

PRUFlexiprotect PLUS နဲ့ အလုံးစုံကာကွယ်မှုကို အရယူလိုက်ပါ


ကိုယ့်ရဲ့အသက်အာမခံအစီအစဉ်ကို စိတ်တိုင်းကျစီစဉ် ရွေးချယ်လို့ရတဲ့  ပရူဒန်ရှယ်အာမခံက PRUFlexiprotect PLUS ကို မိတ်ဆက်ပေးလိုက်ပါပြီ။

 

အဆင်ပြေလွယ်ကူပြီး အလုံးစုံကာကွယ်ပေးသွားမယ်ဆိုတဲ့ ကတိတစ်ခုရဲ့အဓိပ္ပာယ်က PRUFlexiprotect ပါပဲ။ ကိုယ့် မိသားစုရဲ့ အနာဂတ်ငွေကြေးအတွက် ကာကွယ်ပေးဖို့ နည်းလမ်းရှာနေတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် မတော်တဆ ဖြစ်လာနိုင်မယ့် ကိစ္စရပ်တွေ၊ အပြင်းအထန်နာမကျန်းတာမျိုးတွေအတွက် ကြိုတင် ပြင်ဆင်ချင်တာမျိုးဆိုရင်တော့ PRUFlexiprotect PLUS က  လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အသင့်ရှိနေပြီဖြစ်ပါတယ်။



 


ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေနဲ့အတူ ပိုပြီး ကာကွယ်လိုက်ရအောင်

 

အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့ကိစ္စရပ်မျိုးကြုံတွေ့လာရတဲ့အခါ PRUFlexiprotect PLUS က မိသားစုကို အာမခံငွေကြေး ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မတော်တဆ အသက်ဆုံးရှုံးတာ၊ အပြင်းအထန်နာမကျန်းဖြစ်တာ စတဲ့ မမျှော်လင့်ထားတဲ့ကိစ္စရပ်တွေဖြစ်လာတဲ့အခါမှာ ပိုပြီး ကာကွယ်လို့ရအောင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေနဲ့ အာမခံအကာအကွယ်ကို အဆင့်မြှင့်တင်နိုင်မယ့်အခွင့်အရေးလည်း  ရှိနေပါတယ်။

 

  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် - တကယ်က  မတော်တဆ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့မယ်ဆိုရင် ထပ်ဆောင်းအကာအကွယ်အနေနဲ့ အပိုနစ်နာကြေး ပေးအပ်သွားမှာဖြစ်ပါတယ်။

 

  • မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် - အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းနဲ့ မိတ်ဆွေသွားလာနေစဉ်အချိန်အတွင်းမှာ မတော်တဆထိခိုက်မှုဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အခြေအနေမျိုးမှာ “မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်” ကနေရရှိမယ့် အာမခံနစ်နာကြေးရဲ့ နှစ်ဆကို ရရှိမှာဖြစ်ပါတယ်။

 

  • အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် - အဦးဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း ဒါမှမဟုတ် နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်းကို ခံစားနေရပြီး ဆေးကုသမှုစရိတ်ကြောင့် ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ငွေကြေးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 


လိုအပ်ချက်အလိုက် စိတ်တိုင်းကျ ရွေးချယ်နိုင်မယ့် အကာအကွယ်အစီအစဉ်တွေနဲ့ အာမခံပရီမီယံကြေးပြန်လည်ရရှိခြင်း

PRUFlexiprotect PLUS မှာဆိုရင် ကိုယ်ပိုင်လိုအပ်ချက်နဲ့အညီ အာမခံအကာအကွယ်အစီအစဉ်၊ အာမခံထားရှိမယ့် ကာလ၊ အာမခံထားလိုတဲ့ ပမာဏ တို့ကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ (၁၀) နှစ်၊ (၁၅) နှစ် ဒါမှမဟုတ် နှစ် (၂၀) စတဲ့အာမခံသက်တမ်းကာလတွေအပြင် အဆင်ပြေမယ့် အာမခံကြေးပေးသွင်းနိုင်တဲ့ပုံစံ [(၁) နှစ်တစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၃) လတစ်ကြိမ် ဒါမှမဟုတ် (၁) လတစ်ကြိမ် တွေပါရွေးချယ်လို့ရတဲ့အတွက် မိတ်ဆွေတို့အတွက် လုံးဝအဆင်ပြေမယ့် အသက်အာမခံအစီအစဉ်တစ်ခု ဖြစ်ပါတယ်။

 

ဒီ PRUFlexiprotect PLUS ရဲ့ အကောင်းဆုံးအပိုင်းကတော့… မိတ်ဆွေမှာ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးစေနိုင်တဲ့ကိစ္စ တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့ဘူးဆိုရင် အာမခံကာလပြီးဆုံးသွားချိန်မှာ မိတ်ဆွေပေးသွင်းထားတဲ့ ပရီမီယံကြေးရဲ့ (၁၀၃) ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။



 

ဘယ်အသက်အရွယ်အပိုင်းအခြားပဲဖြစ်ဖြစ် ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်ရယူဖို့ ဒီနေ့ပဲ စဉ်းစားလိုက်ပါ။

PRUFlexiprotect PLUS ကနေတစ်ဆင့် ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်ကို ရယူပြီး မိတ်ဆွေတို့ကိုယ်တိုင် ကိုယ့်ဘဝကို လိုသလို ပုံဖော်နေထိုင်လို့ရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့ မှန်ကန်စွာ ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်က ကိုယ့်ရဲ့ အနာဂတ်ငွေကြေးကိုလည်း ကာကွယ်ပြီးသားဖြစ်တဲ့အပြင်ကိုမှ မိတ်ဆွေတို့ရဲ့ ချစ်ခင်ရသူတွေအတွက် မသေချာမရေရာတဲ့လောကကြီးအလယ်မှာ ခိုင်မာတဲ့အုတ်မြစ်တစ်ခု ချပေးလိုက်သလိုမျိုးပါပဲ။

 

PRUFlexiprotect PLUS နဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေအကြောင်း ပိုမိုသိရှိချင်ရင်တော့ https://bit.ly/40Aobc8 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မေးမြန်းစုံစမ်းမှုများနဲ့ customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံရဲ့ ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။

 

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က