ပီအကစ်ဂျီအတွက် အခုချိန်ထိ မကစားပေးနိုင်သေးတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် နောက်ခံလူဟာ ကြံ့ခိုင်မှုပြသနာရှိနေပြီး ဒဏ်ရာအကင်းသေမှုလည်းမရှိသေးဘူးလို့ သိရပါတယ်။


ပီအက်စ်ဂျီအသင်းဟာ ဒီရာသီအစကမှ ခေါ်ယူထားတဲ့ နောက်ခံလူဆာဂျီယိုရာမို့စ်ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ နာမည်ကျော်စပိန်နောက်ခံလူဟောင်းကို ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီက ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းခံစစ်ပိုင်းမှာ အားကိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ရာမို့စ်ကတော့ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။



ရီးရဲလ်မှာကစားပေးစဉ်ကတည်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ရာမို့စ်က အခုချိန်ထိ ကုသမှုပြုလုပ်နေရကာ ပီအက်စ်ဂျီအတွက် တပွဲမှ ကစားပေးနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အသက် ၃၅ နှစ်အရွယ် နောက်ခံလူဟာ ကြံ့ခိုင်မှုပြသနာရှိနေပြီး ဒဏ်ရာအကင်းသေမှုလည်းမရှိသေးဘူးလို့ သိရပါတယ်။

ရာမို့စ်ရဲ့ အဆိုပါအခြေအနေတွေကြောင့် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက သူတို့ရဲ့အပြောင်းအရွှေ့ဟာ မှားယွင်းနေပြီလို့ ခံစားနေရကြောင်းလည်း ပြင်သစ်သတင်းဌာန Le Parisien က ဆိုပါတယ်။ ဒီအတွက် နှစ်ဦးသဘောတူလမ်းခွဲဖို့နည်းလမ်းကို ပီအက်စ်ဂျီဘက်က စဉ်းစားနေပြီး ကစားသမားဘဝမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ရာမို့စ်တစ်ယောက် အသင်းလက်မဲ့ဖြစ်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်အဖြစ် ကာလရှည်တာဝန်ယူခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ရာမို့်စ်ဟာ စပိန်ကလပ်နဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။ အနည်းဆုံးစာချုပ်သက်တမ်း ၂ နှစ်အထိ ရာမို့စ်က အလိုရှိနေခဲ့ပြီး အသင်းဘက်က ၁ နှစ်သာ ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့လို့ အဆင်မပြေဖြစ်ခဲ့ရပြီး ကစားသမားဘက်က ၁ နှစ်စာချုပ်ကို လက်ခံမယ်လို့ပြောဆိုခဲ့ချိန်မှာတော့ ရီးရဲလ်က အချိန်လွန်သွားပြီလို့ တုံ့ပြန်ခဲ့ကာ လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က