မလေးရှားကလပ် ကွာလာလမ်ပူစီးတီးနည်းပြဖြစ်ပြီး ခရိုအေးရှားလူမျိုးဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမတိုင်ခင်မှာ အသင်းလက်မဲ့ဖြစ်သွားခဲ့ပြီး ပြိုင်ပွဲမှာလည်း နောက်ဆုံးနှစ်ပွဲကို အရန်အဖြစ်နဲ့သာ ဝင်ရောက်ကစားခဲ့ရကာ ပေါ်တူဂီတို့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရလို့ ရော်နယ်ဒိုတယောက် စိတ်ဓာတ်ကျဆင်းနေဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ အခုအခါမှာ မလေးရှားကလပ်ကွာလာလမ်ပူစီးတီးအသင်းရဲ့ နည်းပြ ခရိုအေးရှားလူမျိုး ဘိုယန်ဟိုဒတ်ခ်ကလည်း ရော်နယ်ဒိုကို သတိပ​ေးစကားပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ 

ဟိုဒတ်ခ်က ရော်နယ်ဒိုကို နှိမ့်ချနေထိုင်ဖို့နဲ့ ကိုယ့်ကိုကိုယ်လူငယ်တဦးမဟုတ်တော့ဘူးဆိုတာကို သတိရဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ခရိုအေးရှားအတွက် ခြေစွမ်းပြနေခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူမိုဒရစ်နဲ့လည်း နှိုင်းယှဉ်ပြောဆိုသွားခဲ့ပြီး ဘောလုံးက တဦးကောင်းတယောက်ကောင်းကစားရတာမဟုတ်ဘူးလို့ပါ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

"ရော်နယ်ဒို၊ မင်း နှိမ့်ချပြီး အတ္တကြီးနေတာတွေကို ရပ်လိုက်ပါ၊ ဘောလုံးက အသင်းအဖွဲ့အားကစားဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်နဲ့ အသက် ၂၀ တုန်းကလို မလုပ်နိုင်တော့ဘူးဆိုတာကိုလည်း မင်း လက်ခံသင့်တယ်" လို့ အာရှရဲ့ အကောင်းဆုံးနည်းပြတွေထဲကတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟိုဒတ်ခ်က ပြောဆိုခဲ့ပါတယ်။ 


ဒါ့အပြင် "ရော်နယ်ဒိုက စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိနေပြီး အကောင်းဆုံးပုံစံမဟုတ်တော့ဘူးဆိုတာကို ဝန်ခံလိုစိတ်မရှိဘူး၊ မိုဒရစ်နဲ့ဆို သူက အသက်အတူတူပဲ၊ ဒါပေမယ့် မိုဒရစ်က ရီးရဲလ်မှာရော၊ ခရိုအေးရှားမှာ ကွင်းလယ်လူအဖြစ်နဲ့ ကောင်းကောင်းကစားနေပါတယ်၊ မိုဒရစ်ဆို သူ အသက်ကြီးလာပြီဆိုတာကို သိလို့ လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်ခဲ့ပါတယ်"

"သူက တိုက်စစ်မှူးတဦးဖြစ်လို့ တောင်းဆိုမှုတွေတော့ ပိုများပါတယ်၊ ဒါပေမယ့် မြန်နှုန်းကျလာလို့ အရင်လိုတုံ့ပြန်တာမျီုးမလုပ်နိုင်တော့ဘူး၊ မိနစ် ၉၀ လုံး သူမကစားနိုင်တော့ဘူးဆိုတာကို သဘောပေါက်သင့်တယ်၊ အရန်ခုံကထလာပြီး နောက်ဆုံးမိနစ် ၂၀ လောက်ကစားရတာကို လက်ခံရတော့မှာ၊ ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ super sub ကစားသမားတွေရှိနေပေမယ့် သူက သူ့ကိုယ်သူအဓိကကစားလို့ထင်နေတုန်းပဲ"

"ဥရောပထိပ်တန်းကလပ်တွေက သူ့ကိုမခေါ်ယူချင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်နဲ့ ပေါ်တူဂီအဝတ်လဲခန်းထဲမှာ သူ လုပ်ခဲ့သလိုမျိုး ပြသနာတွေရှာနိုင်လို့ပါ၊ တကယ်ဆိုရင် သူ စိတ်ကူးမယဉ်တော့ဘဲ ကလပ်နဲ့ နိုင်ငံအတွက် တစိတ်တပိုင်းပါဝင်ကစားရတာကို ပျော်ရွှင်နေရမှာပါ" လို့ ဟိုဒတ်ခ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က