ရန်ပုံငွေခြေစမ်းပွဲမှာ ရော်နယ်ဒင်ဟိုက ဂိုးဖန်တီးပေးခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ “The Beautiful Game” လို့ အမည်ရ ရန်ပုံငွေခြေစမ်းပွဲမှာတော့ ရော်နယ်ဒင်ဟိုရဲ့ ဖန်တီးမှုကတစ်ဆင့် ဗီနီရှပ်စ်တစ်ယောက် ပြိုင်ဘက်ဂိုးသမားကို ကျော်ပြီး လှလှပပသွင်းယူခဲ့တဲ့ဂိုးက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ ဒီပွဲကိုတော့ ရော်နယ်ဒင်ဟိုရဲ့အသင်းနဲ့ ရော်ဘတ်တိုကားလို့စ်ရဲ့အသင်းဆိုပြီး နှစ်ဖက်ခွဲကာ ရန်ပုံ‌ငွေခြေစမ်းပွဲ ကစားခဲ့တာဖြစ်ပါတယ်။



အော်လန်ဒိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘောလုံးလောကရဲ့ လက်ရှိကြယ်ပွင့်တွေရော၊ အနားယူပြီးသား ဂန္တဝင်ကစားသမားကြီးတွေပါ ပါဝင်ကစားခဲ့ကြပါတယ်။ ဒီဘားလားလည်း ရော်နယ်ဒင်ဟိုရဲ့အသင်းမှာ ပါဝင်ခဲ့ပြီး ဗီနီရှပ်စ်ရဲ့ သွင်းဂိုးမှာ ရော်နယ်ဒင်ဟိုထံ ဘောလုံးပေးပို့ရင်း ပါဝင်ပတ်သက်ခဲ့ပါသေးတယ်။


ကွင်းလယ်ညာခြမ်းမှာ ရလာတဲ့ ဘောလုံးကို ဒီဘားလားက ရော်နယ်ဒင်ဟိုဆီပေး၊ ရော်နယ်ဒင်ဟိုက သူ့ရဲ့ ထုံးစံအတိုင်း တစ်ပတ်လှည့်ကာ လက်ခံရယူခဲ့ပြီးနောက် ဗီနီရှပ်စ်ထံ Dead Ball ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဘောလုံးကိုတော့ ဗီနီရှပ်စ်က ရရှိသွားခဲ့ပြီး ပြိုင်ဘက်ဂိုးသမားကို သာသာယာယာနဲ့ ‌ကျော်ကန်သွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီသွင်းဂိုးနဲ့ ပတ်သက်လို့ တော်တော်လေး သ‌ဘောကျနေပြီး တစ်ချိန်က ဘရာဇီးဂန္တဝင်ကြီးက အနာဂတ်ရဲ့ ဘရာဇီးကြယ်ပွင့်အတွက် ဂိုးဖန်တီးပေးခဲ့တာလို့လည်း မှတ်ချက်ပြုနေကြပါတယ်။ ပွဲအပြီးမှာတော့ ရော်နယ်ဒင်ဟိုဦးဆောင်တဲ့အသင်းက ကားလို့စ်ဦးဆောင်တဲ့ အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


ဒါ့အပြင် ဗီနီရှပ်စ်ကလည်း ဂိုးသွင်းပြီးနောက်ပိုင်းမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို အမှတ်တရလက်မှတ်တွေ ရေးထိုးပေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာလည်း အခုလိုမျိုး ရန်ပုံငွေပွဲကို ကစားခဲ့ပါသေးတယ်။ ဒီနှစ်ကစားခဲ့တဲ့ ပွဲမှာတော့ အိုကိုချာ၊ ရီဗယ်လ်ဒို၊ ကလွိုက်ဗတ်၊ လူးကပ်စ်မော်ရာ၊ ဗီနီရှပ်စ်တို့က ဂိုး‌တွေ သွင်းယူနိုင်ခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က