အသက်ကြီးတယ်အပြောခံရတာက စိတ်အားတက်ကြွစေတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်က တရားဝင်စာချုပ်မချုပ်ဆိုရသေးပေမယ့်လည်း စာရွက်စာတမ်းကိစ္စတွေပြုလုပ်ဖို့သာ ကျန်ရှိတော့ပြီး သူ့ကိုကြိုဆိုဖို့ စိတ်အားထက်သန်နေပြီလို့လည်း ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားက ရော်နယ်ဒိုဟာ အသက်ကြီးတယ်လို့အပြောခံရလေ ပိုပြီးတော့ စိတ်အားတက်ကြွလေဖြစ်တဲ့ ကစားသမားဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတော့မယ့် ရော်နယ်ဒိုဟာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဒီအပေါ်မှာ ဆိုးလ်ရှားက အားသာချက်ရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ 

လက်ရှိမှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက်က တရားဝင်စာချုပ်မချုပ်ဆိုရသေးပေမယ့်လည်း စာရွက်စာတမ်းကိစ္စတွေပြုလုပ်ဖို့သာ ကျန်ရှိတော့ပြီး သူ့ကိုကြိုဆိုဖို့ စိတ်အားထက်သန်နေပြီလို့လည်း ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။ ဆိုးလ်ရှားနဲ့ ရော်နယ်ဒိုတို့ဟာ ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် နှစ်အနည်းငယ်တွဲဖက်ကစားခဲ့သူတွေဖြစ်ပြီး အခုအခါမှာတော့ နည်းပြ နဲ့ ကစားသမားအဖြစ် ပြန်လည်ဆုံတွေ့မှာလည်းဖြစ်ပါတယ်။ 

ဝုလ်နဲ့ပွဲအပြီး Sky Sport နဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားက "စာရွက်စာတမ်းကိစ္စတွေပြီးရင် သူ့အပြောင်းအရွှေ့ကို ကြေညာနိုင်မှာပါ၊ သူက ကြီးကျယ်တဲ့ကစားသမား၊ ကြီးမြတ်တဲ့လူသားတစ်ဦးပါ၊ ဒီလူစာရင်းနဲ့အသင်းကိုတည်ဆောက်ရဖို့ကို ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်၊ သူက အသင်းအတွက် ကွဲပြားခြားနားတဲ့အရာတွေကို ယူဆောင်ပေးလာမှာပါ၊ လူတိုင်းကလည်း သူရောက်လာမှာ၊ သူနဲ့အတူ အလုပ်လုပ်မှာကို မျှော်လင့်နေတယ် ထင်ပါတယ်"

"သူရောက်လာပြီဆိုရင်လည်း ကစားသမားဘဝမှာ သူလုပ်ခဲ့တာတွေကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒီမှာရှိခဲ့တဲ့ နောက်ဆုံးအချိန်တွေထက် သူပိုပြီးအတွေ့အကြုံတွေရှိနေပါပြီ၊ သူ တိုးတက်ပြောင်းလဲခဲ့ပြီး မယုံနိုင်စရာကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်၊ သူ့ကို အသက်ကြီးတယ်လို့ ပြောတာမျိုးကို သူ သဘောကျမှာသေချာပါတယ်၊ ပြီးရင် သူ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ယူနိုက်တက်ကစားသမားဘဝ ၆ နှစ်တာအတွင်းမှာ ၂၉၂ ပွဲကစားပေးခဲ့ပြီး ၁၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ််ခူးနိုင်ခဲ့ကာ အောင်မြင်ကျော်ကြားတဲ့ကစားသမားဘဝကို အိုးထရက်ဖို့ဒ်မှာ ပိုင်ဆိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က