အသက် ၂၆ နှစ်အရွယ် ဟော့ဆန်ကို ၁၅ နှစ်အရွယ် ပရိသတ်တစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦးခေါင်းခွံအက်ကွဲခဲ့ပြီး ကိုမာဝင်နေတယ်လို့ သိရပါတယ်။
ပရိသတ်တစ်ဦးရဲ့တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံမှာ အသက်လုနေရတဲ့ သြစတြေးလျကလပ် ECU Joondalup ကစားသမား ဒန်နီဟော့ဆန်ကို မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုက အားပေးစကားပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါအသင်းဟာ National Premier Leagues Western Australia မှာ ပါဝင်ကစားနေတဲ့အသင်းဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ထင်မှတ်မထားတဲ့အချိန်မှာ ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဟော့ဆန်ကို ၁၅ နှစ်အရွယ် ပရိသတ်တစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦးခေါင်းခွံအက်ကွဲခဲ့ပြီး ကိုမာဝင်နေတယ်လို့ သိရပါတယ်။ ဟော့ဆန်ကို အရေးပေါ်ဆေးရုံတင်ထားရပြီး ယူနိုက်တက်ဂိုးသမားဟန်ဒါဆန်က ဦးဆောင်ကာ ရန်ပုံငွေအလှူငွေကောက်ခံပေးခဲ့သလို ကစားသမားရဲ့မိဘနှစ်ပါးစလုံး သြစတြေးလျကို လိုက်သွားလို့ရအောင်လည်း ၀ိုင်းဝန်းကူညီပေးခဲ့ကြကာ အခုအခါမှာတော့ မိဘတွေလည်း ရောက်ရှိနေကြပြီဖြစ်ပါတယ်။
မန်စီးတီးအပါအဝင် အခြားသော အင်္ဂလန်အခြေစိုက်ကလပ်အသင်းတွေကလည်း ဟော့ဆန်အတွက် အားပေးစကားပြောဆိုမှုတွေပြုလုပ်ခဲ့ကြကြောင်း Goal က ဆိုပါတယ်။ ဟော့ဆန်ဟာ မနေ့ကမှ အသက် ၂၆ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး မွေးနေ့ကို ICU ထဲမှာ ဖြတ်သန်းခဲ့ရတာလည်းဖြစ်ပါတယ်။ ကစားသမားရဲ့ မိဘတွေကလည်း သားဖြစ်သူရဲ့အခြေအနေကို ထုတ်ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
ဒင်းဟန်ဒါဆန်ဦးဆောင်ပြီး GoFundMe ကတဆင့် အလှူငွေကောက်ခံခဲ့ရာမှာလည်း လူပေါင်း ၂၀၀၀ ကျော်က ပါဝင်ကူညီခဲ့ကြလို့ ဒေါ်လာတစ်သိန်းနှစ်သောင်းကျော်အထိ ရရှိနေပြီလို့ သိရပါတယ်။ အဆိုပါငွေကြေးပမာဏဟာ လက်ရှိအတွက်ရော၊ ကာလရှည်ကုသစရိတ်တွေအတွက်ပါ လုံလောက်ဖို့ မျှော်လင့်ရပြီး ဟော့ဆန်အတွက်ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။