ခွဲစိတ်ကုသပေးခဲ့တဲ့ ပါမောက္ခက ပြန်ပြောင်းဖွင့်ဟခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ကစားသမားတယောက်ဟာ သူ့ရဲ့ချစ်သူနဲ့အတူတူ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံခဲ့မိတာကြောင့် ဒဏ်ရာရရှိပြီး ခွဲစိတ်ကုသမှုပါ ခံယူခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားရဲ့နာမည်နဲ့ သူ့ရဲ့မိခင်ကလပ်အသင်းနာမည်တို့ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။



အဆိုပါကစားသမားဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အကြီးစားခွဲစိတ်ကုသမှုကိုခံယူခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ ပါမောက္ခ အလီရှန်ဟာ အားကစားလောက,က လူနာပေါင်း သုံးထောင်ကျော်ကို ခွဲစိတ်ကုသပေးခဲ့ပြီး ဒီအထဲမှာ လီဗာပူးနဲ့ ချဲလ်ဆီးက ကစားသမားတွေလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ အခု အကြောင်းကိုလည်း အလီရှန်ကပဲ ထုတ်ဖော်ခဲ့တာပါ။

အလီရှန်က “ပေါင်ခြံဒဏ်ရာဆိုတာမျိုးက ကစားသမားတွေ ကွင်းထဲမှာ လိမ်ခေါက်တာမျိုး ဒါမှမဟုတ် လှည့်ထွက်တာမျိုးတွေက ဖြစ်လေ့ရှိသလို သာမန်မဟုတ်တဲ့ အခြေအနေမျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ပရီးမီးယားလိဂ်က ထိပ်တန်းကစားသမားတယောက်ကို သူ့အသင်း ဆရာဝန်က ကျနော့်ဆီကို ပို့လိုက်ပါတယ်။ သူက ပေါင်ခြံမှာ တော်တော်လေးနာကျင်နေတယ်လို့ ပြောပါတယ်”

“နောက်ပြီး ဒီလိုဖြစ်တာက သူ့ပါတနာနဲ့ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံမိတာကြောင့်လို့လည်း ဒီကစားသမားက ကျနော့်ကို ပြောပြပါတယ်။ သူက ဖြစ်ပျက်ခဲ့တာတွေကို ပုံဖော်ပြပြီး သူ ဒုက္ခရောက်သွားတဲ့ ကိုယ်နေဟန်ထားမျိုးကိုတောင် ကျနော့်ကို အပြင်မှာ လုပ်ပြခဲ့ပါသေးတယ်။ ဒါက ပုံမှန်မဟုတ်တဲ့ ကိစ္စပါ။ ဒါပေမယ့် သူ့အတွက် အကူအညီဖြစ်ခဲ့ပါတယ်”

“ကျနော် သူ့ကို ခွဲစိတ်ကုသပေးခဲ့ပြီး သူက တလအတွင်း ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝသွားခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ သူ ဒဏ်ရာရရှိခဲ့ပုံကို သူ့အသင်းနည်းပြထံ အသိမပေးလိုခဲ့ဘူးလို့လည်း သိရှိရပါတယ်။ အလီရှန်ဟာ နာမည်ကျော်ခွဲစိတ်ပါမောက္ခတယောက်ဖြစ်ပြီး မန်ချက်စတာမြို့နဲ့လန်ဒန်မြို့က ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုပေးနေတဲ့ ပါမောက္ခလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က