အသည်းကွဲတာကို ကုစားတဲ့နည်းတွေထဲမှာ တခြားသူအကူအညီလည်းမလို၊ အန္တရာယ်လည်းမရှိဘဲ ငွေကြေးအကုန်အကျလည်းအသက်သာဆုံးနည်းတွေကတော့ စာဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာပါပဲ။ ဒီနည်းလမ်း ၂ ခုထဲကမှ ရုပ်ရှင်ကြည့်တဲ့နည်းလမ်းကိုရွေးချယ်မယ့်သူတွေအတွက် အသည်းကွဲနေလို့ခံစားရတဲ့ ကြေကွဲမှုတွေကို သက်သာစေနိုင်မယ့် ရုပ်ရှင် ၅ ကားကို ပြောပြပေးပါရစေ။


Amélie

၂၀၀၁ ခုနှစ်ထွက် ဒီပြင်သစ်ရုပ်ရှင်လေးက ဘယ်လိုအချိန်မျိုးမှာပဲ ဖြစ်ဖြစ် အချစ်စစ်ကိုရှာတွေ့နိုင်သေးတယ် ဆိုတာကိုပြသနေပါတယ်။ ကိုယ့်ရဲ့အနာဂတ်လို့ ထင်မှတ်ထားသူက ကိုယ့်ကိုအသည်းခွဲသွားလို့ မျှော်လင့်စရာ မရှိတော့ဘူးလို့ထင်နေတဲ့အချိန်မျိုးမှာတောင် အချစ်စစ်နဲ့တွေ့နိုင်ပါသေးတယ်။ လှပတဲ့ cinematography ရိုက်ချက်တွေလည်း ကြည့်ရင်းနဲ့စိတ်ကိုကြည်နူးလာစေဦးမှာပါ။


Her

အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိထားတဲ့ ဒီရုပ်ရှင်က တစ်ယောက်တည်း အထီးကျန်ကြေကွဲ နေတဲ့အချိန်မှာ ငြိမ့်ငြိမ့်လေးနဲ့ feel လို့ကောင်းမယ့်ဇာတ်လမ်းလေးပါ။ အနာဂတ်မှာဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းကိုကြည့်ရင်း အထီးကျန်မှုနဲ့ အချစ်စိတ်ရဲ့ဆန်းပြားမှုတွေကို ခံစားရင်း ကိုယ့်ရဲ့စိတ်ဝေဒနာတွေ လျော့ပါးသက်သာလာတာကို ခံစားမိမှာပါ။


Back to the Future

ဟောလိဝုဒ်အချိန်ခရီးသွားရုပ်ရှင်တွေရဲ့ ဘိုးအေလို့ တင်စားကြရတဲ့ ဒီအချိန်ခရီးသွားတဲ့ရုပ်ရှင်လေးက ကိုယ့်ဘဝကိုပြောင်းလဲဖို့အခွင့်အရေးက ကိုယ့်လက်ထဲမှာရှိတယ်ဆိုတာကို သတိရစေနိုင်ပါတယ်။ ရုပ်ရှင်ထဲကလို အပြင်မှာ အတိတ်ကိုခရီးပြန်သွားပြီး မပြင်နိုင်ပေမဲ့ ကိုယ့်ရဲ့ ပစ္စုပ္ပန်မှာ လုပ်လိုက်တဲ့ လုပ်ရပ်တွေက ကိုယ့်ရဲ့ အနာဂတ်ကိုပြောင်းလဲသွားစေနိုင်တယ်ဆိုကိုပိုပြီး သတိမူမိလာစေမှာပါ။ နောက်ပြီး ဘဝမှာပြောင်းလဲဖို့ အတွက်နောက်ကျသွားပြီဆိုတာ ဘယ်တော့မှမရှိဘူးဆိုတာကိုရောပေါ့။


Eat, Pray, Love

ဒီရုပ်ရှင်ကတော့ ချစ်သူက လမ်းခွဲသွားလို့ ကမ္ဘာကြီး အဆုံးသတ်သွားသလို ခံစားနေရတဲ့ အမျိုးသမီးလေး တွေကြည့်သင့်တဲ့ကားမျိုးပါ။ ဝါရင့်မင်းသမီးကြီး ဂျူလီယာရောဘတ် ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ခင်ပွန်းနဲ့ကွာရှင်းပြီးနောက် အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့အဇ္ဇတ္တ အစစ်အမှန်ကိုရှာဖွေကြိုးစားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို လိုက်ပါစီးမျောခံစားကြရမှာပါ။


Harry Potter

"အချစ်ဟာအရာရာအားလုံးအတွက် အဖြေပဲ"ဆိုတာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေက အဓိကပေးတဲ့ သတင်းစကားပါပဲ။ အချစ်ဆိုတဲ့နေရာမှာ ၁၅၀၀ အချစ်တစ်ခုထဲကိုဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လူတွေအပေါ်မှန်ကန်တဲ့မေတ္တာမျိုးနဲ့ ချစ်တတ်တဲ့ ၅၂၈ အချစ်မေတ္တာမျိုးက အစွမ်းထက်လှပါတယ်ဆိုတဲ့ မှော်ပညာတွေအားလုံးထက်သာလွန်တယ်ဆိုတာကို ကြည့်ရှုရင်း ဆွတ်ပျံ့ကြည်နူးမှု ကို ခံစားကြရမှာပါ။

Ref: self.com

Share

က္က