မက်ဆီကို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ပီအက်စ်ဂျီဟာ လော်ရီယန့်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆော်ဒီအာရေဗျနိုင်ငံကို ချက်ချင်းခရီးထွက်ခွာသွားတဲ့ မက်ဆီကို နှစ်ပတ်ကြာ ပွဲပယ်ပြစ်ဒဏ်၊ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။



ပီအက်စ်ဂျီအနေနဲ့ မက်ဆီကို ဒီခရီးစဥ်အတွက် ခွင့်ပြုခဲ့ခြင်းမရှိသည့်တိုင် မက်ဆီက သူ့သဘောနဲ့ သူ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဒီလိုမျိုး လုပ်ရပ်က အသင်းအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်အဖြစ် တာဝန်ရှိသူတွေက ယူဆထားပါတယ်။ မက်ဆီကတော့ သူ့ရဲ့ မူလအစီအစဥ်အတိုင်း ဆောင်ရွက်ခဲ့တာပါ။

မက်ဆီဟာ ဆော်ဒီအာရေဗျနိုင်ငံ ခရီးစဥ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး လော်ရီယန့်နဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ အားလပ်ရက် (၂) ရက်ရရှိမယ်လို့ နားလည်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အိမ်ကွင်းရှုံးပွဲအပြီးမှာ နည်းပြ ဂဲလ်တီယာက ကစားသမားတွေကို အားလပ်ရက်တစ်ရက် လျှော့ချခဲ့ပါတယ်။

ဒီဖြစ်ရပ်က မက်ဆီရဲ့ ခရီးစဥ်ကို ကမောက်ကမဖြစ်စေနိုင်တဲ့ကိစ္စဖြစ်ခဲ့ပေမယ့် မက်ဆီကိုယ်တိုင်ကတော့ သူ့ရဲ့ မူလအစီအစဥ်အတိုင်း ဆောင်ရွက်သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီအပေါ် ဒီလိုမျိုး အရေးယူမှုကို အသင်းဘက်ကလည်း တရားဝင်အတည်ပြုခဲ့ပြီး မက်ဆီကတော့ အသင်းဆီက သူ့ကို တိုက်ရိုက် အခြေအနေရှင်းပြမှုကို စောင့်ဆိုင်းလျက်ရှိပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့အကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီဖြစ်ရပ်တွေကြောင့် မက်ဆီတစ်ယောက် ပီအက်စ်ဂျီကို စွန့်ခွာဖို့က သေချာသလောက် ရှိသွားခဲ့ပါတယ်။ မက်ဆီဟာ အသင်းရှုံးပွဲကြုံတွေ့တိုင်း ပြင်သစ်မီဒီယာတွေ၊ ပီအက်စ်ဂျီပရိသတ်တွေရဲ့ ပစ်မှတ်သားကောင်ဖြစ်ခဲ့ပြီး ဒီအခြေအနေတွေကိုလည်း စိတ်ပျက်နေပါတယ်။

ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီပရိသတ်တွေနဲ့ အဆင်မပြေဖြစ်နေခဲ့ပြီး အခုချိန်မှာတော့ အသင်းနဲ့ပါ တိုက်ရိုက် ပြဿနာတက်ခဲ့တာပါ။ ပီအက်စ်ဂျီကလည်း မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် အခုချိန်မှာတော့ မက်ဆီရဲ့လုပ်ရပ်ကို သည်းမခံတော့ဘဲ အပြစ်ပေးအရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က