တစ်ဦးတည်းအတွက်မစဉ်းစားဘဲ စုပေါင်းအားကို စဉ်းစားဖို့ တိုက်တွန်းခဲ့တာပါ။

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီးလောလောလတ်လတ်မှာ လက်စတာကို ၄-၂ နဲ့ အရေးနိမ့်ထားခဲ့တာကြောင့် ဒီပွဲနဲ့ပတ်သက်ပြီး ရော်နယ်ဒိုဘက်က အလေးထားနေတာလို့ ယူဆရဖွယ် ရှိနေပါတယ်။ 


လီဗာပူးလ်နဲ့ကစားရမယ့် ဒီနေ့ပွဲစဉ်မတိုင်ခင်မှာ ရော်နယ်ဒိုက အသင်းဖော်တွေကို ညွှန်ကြားမှုပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ အိမ်ကွင်းမှာလက်ခံကစားရမယ့်ပွဲဖြစ်သလို အင်္ဂလန်ဒါဘီပွဲလည်းဖြစ်ကာ ယူနိုက်တက်အတွက်တော့ အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေတာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီးလောလောလတ်လတ်မှာ လက်စတာကို ၄-၂ နဲ့ အရေးနိမ့်ထားခဲ့တာကြောင့် ဒီပွဲနဲ့ပတ်သက်ပြီး ရော်နယ်ဒိုဘက်က အလေးထားနေတာလို့ ယူဆရဖွယ် ရှိနေပါတယ်။ 



လက်ရှိခြေစွမ်းတွေအရလည်း လီဗာပူးလ်က အပေါ်အသင်းအဖြစ်ရှိနေပြီး ခြေစွမ်းပြနေတာကြောင့် အိမ်ကွင်းမှာ ယူနို်က်တက်တို့ ခက်ခက်ခဲခဲကစားရဖွယ်ရှိနေပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း ကစားခဲ့တဲ့ အမှတ်ပေးပွဲအိမ်ကွင်းပွဲစဉ်တွေမှာ ယူနိုက်တက်တို့ နိုင်ပွဲပျောက်ဆုံးနေသလို ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာလည်း ပေးဂိုးမရှိပွဲက တစ်ပွဲတည်းသာရှိနေခဲ့လို့ ဒီပွဲမှာသတိကြီးကြီးထားကစားဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ 

Sky Sports ကတဆင့် ရော်နယ်ဒိုက ပြောဆိုခဲ့ရာမှာတော့ "ယူနိုက်တက်က အပြောင်းအလဲအနည်းငယ်ပဲလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်၊ ကျွန်တော်၊ ဗာရန်းနဲ့ ဆန်ချိုတို့ကို သူတို့ဝယ်ယူခဲ့တယ်၊ အထိုင်ကျဖို့အတွက်တော့ အချိန်ပေးရဦးမှာပါ၊ ကျွန်တော်တို့ကစားနေတဲ့ နည်းစနစ်တောင်မှ အချိန်ယူရပါတယ်၊ ဒါပေမယ့်လည်း တဆင့်ပြီးတဆင့် ကျွန်တော်တို့သွားဖို့ စိတ်ထဲမှာ ထည့်သွင်းထားမယ်ဆိုရင် ဘာမဆိုဖြစ်လာနိုင်မှာပါ
"


"ကျွန်တော့်ရဲ့ တစ်ဦးချင်းအကြောင်းအရာတွေကိုပဲ ပြောနေတာမဟုတ်ပါဘူး၊ စုပေါင်းအင်အားကို ကျွန်တော်အမြဲတမ်းနံပါတ်တစ်နေရာမှာထားပါတယ်၊ အနိုင်ရဖို့ဆိုရင် စုပေါင်းအားက အရေးကြီးပါတယ်၊ အဲဒါက တစ်ဦးချင်းအနိုင်ယူဖို့ထက် ပိုလွယ်ကူပြီး ဖြစ်နိုင်တုန်းပဲလို့ ကျွန်တော်ခံစားမိပါတယ်" လို့ ရော်နယ်ဒိုက ဆိုပါတယ်။ လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာလည်း အသင်းအတွက် အနစ်နာခံကစားပေးဖို့ကို သူက အခုလိုပဲထပ်ပြောခဲ့ပါတယ်။
 


"လူတိုင်းက ကိုယ့်နေရာကဘာလဲဆိုတာကို သိထားသင့်ပါတယ်၊ အသင်းမှာ ကျွန်တော့်အခန်းကဏ္ဍက ဘာလဲဆိုတာ ကျွန်တော်သိတယ်၊ အသင်းမှာဆိုရင် ကျွန်တော့်အခန်းကဏ္ဍက ဂိုးသွင်းဖို့ပါ၊ အသင်းကို ကျွန်တော့်ရဲ့အတွေ့အကြုံ၊ ပွဲအပေါ် ကောင်းကောင်းနားလည်မှုနဲ့ ကူညီဖို့ပါ၊ လူတိုင်းသာ ဒီလိုတွေးနေမယ်ဆိုရင်၊ အနစ်နာခံမယ်ဆိုရင် ပိုကောင်းတဲ့အသင်းဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျနော်တို့နောက်မှာ အံ့အားသင့်ဖွယ်အားပေးသူတွေရှိနေတယ်၊ ကွင်း၊ အသင်းအားလုံးရှိနေပါတယ်" လို့ ရော်နယ်ဒိုက ထပ်ပြောခဲ့ပါတယ်။ 

Share

က္က