နေမာရဲ့ စိတ်အားတက်ကြွမှုနဲ့ပတ်သက်ပြီး သံသယတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ၂၀၂၂-၂၀၂၃ ရာသီ ဒုတိယပိုင်းမှာ ရှိသမျှအရာအားလုံးပေးသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်းဌာန L'Equipe က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်တုန်းကလိုမျိုး စိတ်အားတက်ကြွမှုမရှိတော့ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာဖြစ်ပြီး နေမာဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ပီအက်စ်ဂျီရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ သွင်းဂိုးတွေကို အပျော်သွင်းယူပြီး ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကိုလည်း ဖန်တီးပေးခဲ့သလို ရံဖန်ရံခါ ခံစစ်ကိုတောင် ဆင်းကူပေးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရမှုနောက်ပိုင်း နေမာဟာ ခြေစွမ်းထက်မြက်မှု အနည်းငယ် ကင်းမဲ့နေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ကမ္ဘာ့ဖလားအပြီး ပဲရစ်မှာ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ မဖြစ်မှုအချို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ဖလားအပြီး လီဂူးဝမ်းပွဲစဉ် ၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမဖြစ်မှုကြောင့် ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီး တစ်ပွဲကိုတော့ ၂ ဝါ ၁ နီကြောင့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရာသီရဲ့ အရေးအကြီးဆုံးကာလကို ဖြတ်သန်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး မာဆေးလ်နဲ့ ပြင်သစ်ဖလားပြိုင်ပွဲ၊ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရတော့မယ့်အချိန်မှာ နေမာရဲ့ စိတ်အားတက်ကြွမှုနဲ့ပတ်သက်ပြီး သံသယတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း L'Equipe က အဲဒီ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးခဲ့ပြီး အသင်းအတွင်းပိုင်း သတင်းရင်းမြစ်တွေက ဘရာဇီးလ်ကြယ်ပွင့်ဟာ ပီအက်စ်ဂျီအသင်းကို အောင်မြင်မှု ရရှိအောင် တိုက်ပွဲဝင်သွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ယုံကြည်နေကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ လီဂူးဝမ်းအမှတ်ပေးဇယား ဦးဆောင်သူတွေအတွက် ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က