ရိုးမားကစားသမားတွေကို မခေါ်ဘူးလို့ ပြောခဲ့တာပါ။

ဖီနာဘာချီနည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုက သူ့အနေနဲ့ အသင်းဟောင်းက ကစားသမားတွေကို ခေါ်ယူသွားမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မော်ရင်ဟိုဟာ တူရကီကလပ်နဲ့အတူ (၂) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာပါ။



ပရိသတ်တွေနဲ့လည်း မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပြီးဖြစ်တဲ့ မော်ရင်ဟိုဟာ ရာသီသစ်အတွက် မကြာခင်မှာ စတင်ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေ၊ ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

မော်ရင်ဟိုကတော့ “ကျွန်တော့်ရဲ့ ကစားသမားဟောင်းတွေ၊ အသင်းဟောင်းတွေနဲ့ ပတ်သက်လို့ ပြောနေကြတာတွေ ရှိပါတယ်။ ကျွန်တော် ဒါကို ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ရိုးမားရဲ့ ဘယ်ကစားသမားတစ်ယောက်ကိုမှ ကျွန်တော် စိတ်မဝင်စားပါဘူး။ လုံးဝကို စိတ်မဝင်စားတာပါ”

“လူကာကူ၊​ ဒီဘားလားတို့နဲ့ ပတ်သက်လို့လည်း ထင်ကြေးတွေ ရှိနေကြပါတယ်။ ကျွန်တော် သူတို့နှစ်ယောက်စလုံးကို မလိုအပ်ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့တာပါ။ မော်ရင်ဟိုဟာ ဒီဘားလားကို ရိုးမားဆီ ပြောင်းရွှေ့လာအောင် အဓိက စည်းရုံးသိမ်းသွင်းခဲ့တာပါ။

လူကာကူကလည်း မော်ရင်ဟို အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ သူတို့နှစ်ယောက်အပြင်ကိုမှ အသင်းဟောင်းက ဘယ်ကစားသမားကိုမှ စိတ်မဝင်စားဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က