တစ်ဦးတည်း ၂ ဂိုး သွင်းယူပေးသွားခဲ့တာပါ။

ခီလီယန် အမ်ဘာပေဟာ တနင်္ဂနွေနေ့ညက အသင်းဟောင်း မိုနာကိုအသင်းကို ပီအက်စ်ဂျီအသင်းက ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး လီဂူးဝမ်းသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

အမ်ဘာပေဟာ အစောပိုင်း ပင်နယ်တီသွင်းဂိုးနဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပြီးတဲ့နောက် ပထမပိုင်း မပြီးဆုံးခင်မှာ လီယွန်နယ် မက်ဆီရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ၎င်းရဲ့ ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကစားသမားဘဝအစမှာ မိုနာကိုအသင်းအတွက် လီဂူးဝမ်းသွင်းဂိုး ၁၆ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ နိုင်ပွဲကြောင့် တစ်ပွဲလျော့နေတဲ့ ဒုတိယနေရာက မာဆေးလ်ထက် ၁၃ မှတ်အသာနဲ့ လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တုန်းက အစွန်းရောက်ပရိသတ်တွေက ကွင်းအတွင်း မီးရှူးမီးပန်းတွေ ပစ်ထည့်ခဲ့ပြီးနောက် အပြစ်ပေးခြင်းခံရတဲ့အနေနဲ့ ကွင်းတစ်ဖက်ပိတ်ပြီး ကစားခဲ့ရတာဖြစ်ပါတယ်။ "အဲဒါက ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ခီလီယန်က နောက်ထပ်တစ်ကြိမ် သူမတူအောင် ထူးခြားခဲ့ပါတယ်"

"ကျွန်တော်တို့ရဲ့ ရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော်တော်တို့ အရမ်းစိတ်ကျေနပ်ခဲ့ကြပေမယ့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က တိုးတက်အောင်လုပ်နိုင်ပါသေးတယ်"လို့ ပိုချက်တီနိုက ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Share

က္က