ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံနေကြတာပါ။

မဲနှစ်ကြိမ်တိတိနှိုက်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်တို့ ရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပြီး ရာမို့စ်နဲ့ မက်ဆီတို့အတွက် ထူးခြားတဲ့ပွဲစဉ်တပွဲဖြစ်လာဖို့ရှိနေပါတယ်။ 


ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီးနောက် ရာမို့စ်က အသင်းသစ်အတွက် သူ့မှာရှိသမျှပေးဆပ်ကစားသွားမယ်လို့ပြောဆိုလိုက်ပါတယ်။ မဲနှစ်ကြိမ်တိတိနှိုက်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်တို့ ရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပြီး ရာမို့စ်နဲ့ မက်ဆီတို့အတွက် ထူးခြားတဲ့ပွဲစဉ်တပွဲဖြစ်လာဖို့ရှိနေပါတယ်။ 

ရီးရဲလ်မှာ နှစ်ပေါင်းများစွာကြာမြင့်အောင် ကစားပေးခဲ့တဲ့ ရာမို့စ်ဟာ ဒီရာသီမှာမှ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဒဏ်ရာကြောင့်အနားယူနေရပေမယ့် ရာမို့စ်က အသင်းဟောင်းနဲ့ပွဲကို ပါဝင်ကစားဖို့မျှော်လင့်နေပြီး လက်ရှိကလပ်အသင်းအတွက် အသေခံကစားသွားမယ်လို့လည်း ဖွင့်ဟခဲ့ကြေင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"ရီးရဲလ်မက်ဒရစ်အတွက် ကျနော်ထားတဲ့ ချစ်ခြင်းမေတ္တာကို ခင်ဗျားသိပါတယ်၊ အခုတော့ ကျနော်က ပီအက်စ်ဂျီအတွက် ကာကွယ်ပေးရတော့မှာပါ၊ ကျနော်လုပ်နိုင်သမျှအားလုံးကို လုပ်သွားမှာပါ၊ ဒီအသင်းက ကျနော့်ကို လောင်းကြေးထပ်ခေါ်ယူခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအတွက် ကျနော်အသေခံပြီးကစားပေးသွားမှာပါ၊ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့တာမျိုး ကျနော်မဖြစ်စေချင်ခဲ့ဘူး"

"ဒါပေမယ့် ဘာနေဗျူးကို ပြန်ရမှာကိုတော့ ကျနော်ပျော်ရွှင်ပါတယ်၊ စစ်မှန်တဲ့နှုတ်ဆက်ပွဲတခု ကျနော်မလုပ်ခဲ့ရဘူး၊ ဘာလို့လဲဆိုတော့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့်ပါ၊ အခုတော့ ပြင်သစ်မှာ ဒဏ်ရာတွေနဲ့ လုံးပမ်းနေရတာ တကယ်ဆိုးဝါးလွန်းပါတယ်၊ နာရီပေါင်းများစွာ မှောင်အတိကျနေပြီး အထီးကျန်သလိုလည်းခံစားရပါတယ်၊ ဒါပေမယ့်လည်း ဒါတွေက ကျနော့်ကိုပိုပြီးစိတ်အားတက်ကြွအောင် ကူညီပေးနေတာပါ"

"မိသားစုကလည်း အထိုင်ကျနေပြီး နောက်ထပ်ကစားပေးဖို့တွေးပြီးတော့ ကျနော်ပြုံးနေမိပြန်ပါပြီ" လို့ ရာမို့စ်က​ ပြောဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဝါရင့်နောက်ခံလူဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ 

Share

က္က