အနာဂတ် မတည်မငြိမ်ဖြစ်နေတာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းက သူ့ကို အလိုရှိသေးတယ်လို့ ခံစားရသည့်တိုင် အချို့သော အကြောင်းပြချက်တွေနဲ့ အသင်းက သူ့ကို အလိုမရှိဘူးဆိုရင်တော့ ထွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က ဒီလိုမျိုး ပြောကြားခဲ့တာပါ။



ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမားမား ပြုလုပ်သွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမား အများအပြားကို ရောင်းချသွားမှာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်လို အဓိက,ကစားသမားမျိုး၊ အသင်းခေါင်းဆောင်မျိုးတောင် ပါဝင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အနာဂတ်လှုပ်ခတ်နေတာနဲ့ ပတ်သက်လို့ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်ပြောခဲ့သလိုပဲ။ အသင်းက အလိုရှိတယ်ဆိုရင်တော့ ကျွန်တော် ဒီမှာ ဆက်ရှိနေမှာပါ။ အသင်းက သူတို့ရဲ့ အနာဂတ် တစ်စိတ်တစ်ပိုင်းအတွက် ကျွန်တော့်ကို ဆက်ရှိစေချင်တယ်လို့လည်း ခံစားရပါတယ်”


“ဒါပေမယ့် အသင်းက အလိုမရှိဘဲ အသင်းမှာပဲရှိနေတဲ့ ကစားသမားတော့ မဖြစ်ချင်ပါဘူး။ တကယ်လို့သာ အကြောင်းပြချက်အချို့နဲ့ သူတို့က ကျွန်တော့်ကို အလိုမရှိတော့ဘူးဆိုရင်တော့ ကျွန်တော် ထွက်သွားပါမယ်။ ဒါပေမယ့်....” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ဒီလိုမျိုး ပြောကြားနေချိန်မှာပဲ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ကစားသမားတွေနဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် ဘရူနိုဖာနန်ဒက်စ်ကို လာခေါ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ရုပ်သံမီဒီယာတွေက တန်ဟက်ခ်ရဲ့ ရာသီသိမ်း နှုတ်ဆက်စကားကိုသာ ဆက်လက်ထုတ်လွှင့်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က