ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ရွိုင်အိုလာတို့ တွေ့ဆုံခဲ့တာပါ။

ဘာစီလိုနာရဲ့ ကစားသမား အဝယ်စာရင်းထဲကို ရွိုင်အိုလာက သူ့ရဲ့ နာမည်ကျော်ကစားသမားတွေကို ထည့်သွင်းပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲအပြီးမှာ ရွိုင်အိုလာနဲ့ ဘာစီလိုနာဥက္ကဌတို့ လာပေါ်တာတို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။



အဲ့ဒီတွေ့ဆုံမှုမှာ ရွိုင်အိုလာက သူ့ရဲ့ ကစားသမား (၄) ယောက်ကို ဘာစီလိုနာအသင်းဆီ ပို့ဆောင်ဖို့ အဆင်သင့်ရှိတဲ့အကြောင်း သိရှိခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဘာစီလိုနာ စိတ်ဝင်စားနေတဲ့ ကစားသမားကတော့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းပါ။

ဟာလန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေရဲ့ အဓိကဇာတ်လိုက်ဖြစ်လာဖို့ရှိပြီး နောက်တယောက်ကတော့ ပေါ့ဘာဖြစ်ပါတယ်။ ပေါ့ဘာကလည်း ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တေ့ာမှာဖြစ်ပြီး အတားအဆီးတခုအနေနဲ့ကတော့ ကစားသမားရဲ့ လုပ်ခလစာငွေ မြင့်မားမှုပါပဲ။

နောက်တယောက်ကတော့ အေဂျက်စ်ညာနောက်ခံလူ မာဇာရူအီဖြစ်ပါတယ်။ ဒီကစားသမားကလည်း အေဂျက်စ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ဘာစီလိုနာမှာရှိတဲ့ ဆာဂျီနိုဒက်စ်ရဲ့ အနာဂတ် မတည်ငြိမ်တာကြောင့် ခေါ်ယူသင့်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

နောက်တယောက်ကတော့ PSG ရဲ့ ကြယ်ပွင့် ကစားသမားလေး ဇာဗီဆိုင်မွန်စ်ဖြစ်ပါတယ်။ ဒီကစားသမာလေးကလည်း ရွိုင်အိုလာရဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားဖြစ်ပါတယ်။ အသက် (၁၈) နှစ်အရွယ် ဒီကစားသမားလေးကလည်း ဘာစီလိုနာကို ပြန်ဖို့ ဆန္ဒရှိနေပြီး ရွိုင်အိုလာနဲ့အတူ အပြောင်းအရွှေ့ဖြစ်မြောက်လာမလား စောင့်ကြည့်ရမှာပါ။

တဖက်မှာလည်း ရွိုင်အိုလာက အေးဂျင့်ခကို မြိုးမြိုးမြက်မြက် ရယူလေ့ရှိသူဖြစ်ပြီး ပေါ့ဘာ၊ ဟာလန်းတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက်တော့ ဘာစီလိုနာတို့ တော်တော်လေး ဝန်ထုပ်ဝန်ပိုးဖြစ်ရပါလိမ့်မယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်ထိ ဘဏ္ဍာရေးပြဿနာရှိနေပြီး ရွိုင်အိုလာနဲ့လာပေါ်တာတို့ ဆွေးနွေးမှုတွေရှိခဲ့သည့်တိုင် ဒီအပြောင်းအရွှေ့တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့က ခက်ခဲနေမှာ သေချာပါတယ်။ 

Share

က္က