ဝေဖန်ပြစ်တင်ခဲ့တဲ့ ရုဒ် ဂူလစ်နဲ့ ဗန် ဘက်စတန်တို့ကို တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့် ဗန်ဒိုက်ဟာ နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့တဲ့ ရုဒ် ဂူလစ်နဲ့ ဗန် ဘက်စတန်တို့ကို တုံ့ပြန်ခဲ့ပါတယ်။

 

ရော်နယ် ကိုးမန်းရဲ့အသင်းဟာ တနင်္လာနေ့က ဂျီဘရယ်တာနဲ့ပွဲစဉ်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပြင်သစ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကနေ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ဥရောပအသင်းငယ်ကို ၅၁ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတ်ယ။

 

ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပေမယ့်လည်း ဂူလစ်နဲ့ ဗန် ဘက်စတန်တို့ ၂ ဦးစလုံးက ပွဲအပြီးမှာ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဂူလစ်က လီဗာပူးလ်ကြယ်ပွင့်ဟာ ဘောလုံးနဲ့ပတ်သက်ပြီး ဘာတာဝန်ယူမှုမှ မရှိဘဲ ၎င်းရဲ့ လုံခြုံမှုအဓိကထားတဲ့ ကစားပုံကိုပဲ ဆုပ်ကိုင်ထားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဗန်ဒိုက်က ဘောလုံးကစားတဲ့နေရာမှာ ဦးဆောင်ပေးသင့်တယ်။ ဒါပေမယ့် ဦးဆောင်မပေးဘူး။ သူက ဘောလုံးကို ဘေးက လူကို ပေးပြီး မင်းဘာသာ ကြည့်လုပ်လိုက်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တယ်။ သူက ဘောလုံးအပေါ်မှာ ဘာတာဝန်ယူမှုမှ မရှိဘူး။ သူက အရမ်းလုံခြုံမှုအသားပေးပြီး ကစားတယ်။ အရမ်းကို လုံခြုံမှု ယူနေတယ်။ ကျွန်တော်တို့(ဂူလစ်နဲ့ ဗန် ဘက်စတန်)တို့က ဗန်ဒိုက်အပေးမှာ အပြုသဘောနဲ့ ဝေဖန်နေတာပါ။ သူက တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါနေတယ်မဟုတ်လား။ သူက ကောင်းမွန်တဲ့ ဆုကို ရခဲ့တယ်မလား။ အဲဒါဆိုရင်လည်း ခင်ဗျားက ဘာလဲဆိုတာ ကျွန်တော်တို့ကို ပြလေ။ သူ အဲဒီဆုနဲ့ရော ထိုက်တန်သေးရဲ့လား။ အားလုံးက ယုံကြည်ကြမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ မယုံပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အေစီမီလန်ဂန္တဝင်တိုက်စစ်မှူး ဗန် ဘက်စတန်ကလည်း ဗန်ဒိုက်ရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ “စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာက ပြောစရာရှိတာ ပြောရမှာဖြစ်ပြီး ကွင်းထဲက အခြေအနေကို အားလုံးအတွက် ရှင်းလင်းအောင် လုပ်ပေးရမှာပါ။ ဒါပေမယ့်လည်း ဗန်ဒိုက်က အမြဲတမ်း အဲဒီ ၂ ခုကြားထဲမှာ ညပ်နေတယ်။ သူက ကွင်းထဲမှာ နားလည်မှုလွဲမှားမှုတွေကို ဖန်တီးနိုင်တဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို ဖန်တီးတယ်။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒါမျိုးမဖြစ်အောင် ရှောင်ကြဉ်သင့်တယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အသက် ၃၁ နှစ်အရွယ် လီဗာပူးလ်နောက်ခံလူက လူတွေအနေနဲ့ ကစားသမားတွေက စက်ရုပ်တွေမဟုတ်ဘူးဆိုတာကို သတိရသင့်တယ်လို့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

“ဒီနေ့မှာ အားလုံးက ထင်မြင်ချက်ပေးခွင့် ရှိပါတယ်။ အဲဒီလို ဖြစ်နေမှာပဲ။ ခင်ဗျားက အမြဲတမ်း ခြေစွမ်းတည်ငြိမ်မှုရှိမနေနိုင်တာက သာမန်ပါပဲ။ ကလပ်အသင်းအနေနဲ့ ကစားသမားတစ်ယောက်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ပုံစံကို ရှာဖွေဖို့ ဖြတ်သန်းရတဲ့အဆင့်တွေ ရှိမှာပါ။ ဒါက လူသားတွေပါ။ အပတ်တိုင်း ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပွဲကို ကစားဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီလိုမျိုးက အမြဲတမ်း မဖြစ်နိုင်ဘူး။ လူတွေက ကျွန်တော်တို့ဟာ စက်ရုပ်တွေမဟုတ်ဘူးဆိုတာကို အမှတ်ရသင့်တယ်။ လူတွေက ဒါကို တစ်ခါတလေ မေ့နေကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က