ရပ်ရှ်ဖို့ဒ်ကို ဘယ်လိုမှာထားလဲဆိုတာကို ဖွင့်ဟခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ လွဲချော်သွားတဲ့အပေါ်မှာ ဘာမှဂရုမစိုက်ဖို့ ရပ်ရှ်ဖို့ဒ်ကို မှာထားကြောင်းနဲ့ တကြိမ်သာ ကောင်းကောင်းရောက်လာရင် အကောင်းဆုံး အဆုံးသတ်ဖို့ အာရုံစိုက်ထားသင့်ကြောင်း ပြောကြားထားတယ်လို့ သိရှိရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ဆုံးလေးပွဲဆက်တိုက် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။



ဘရူနိုဖာနန်ဒက်စ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ဆန်ချိုရဲ့ဂိုးအတွက် အသင်းရဲ့ ကစားကွက်တည်ဆောက်မှုမှာ အဓိကကျခဲ့ပြီး အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးပြီး ခြေစွမ်းပြနေခဲ့တာပါ။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ Dead Pass တွေကို အရဲစွန့်ပေးလေ့ရှိတာကြောင့် မကြာခဏဆိုသလို သူ့ကြောင့် ဘောလုံးဆုံးရှုံးလေ့ရှိပါတယ်။ ဒီအပေါ်မှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ဒီအပေါ်မှာ ဂရုမစိုက်ဘဲ ရပ်ရှ်ဖို့ဒ်ကိုလည်း ဘောလုံးရောက်လာမယ့်အချိန်အတွက်သာ အာရုံစိုက်ဖို့ မှာကြားထားကြောင်း အခုလိုမျိုး ဖွင့်ဟလာပါတယ်။



ဘရူနိုဖာနန်ဒက်စ်က “ကျနော် ရပ်ရှ်ဖို့ဒ်ကို ပြောပြီးသားပါ။ ကျနော် ဘောလုံးပေးတာ (၁၀) ခါလောက် လွဲသွားလည်း ဂရုမစိုက်ဘူး၊ ဒါပေမယ့် ကွက်တိရောက်လာမယ့်တကြိမ်အတွက်ကို အာရုံစိုက်ထားပြီး ဂိုးသွင်းဖို့ကို ပြောထားပါတယ်။ ကျနော့်ကို ဝေဖန်ကြတာ ဝေဖန်ကြပါစေဆိုပြီး ကျနော် မှာထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ တန်ဟက်ခ် လက်ထက်မှာလည်း ယူနိုက်တက်ရဲ့ အဓိက,ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေဆဲဖြစ်ပြီး ကွင်းလယ်နဲ့ တိုက်စစ်အကြား အဓိကချိတ်ဆက်ပေးရတဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ ကွင်းတွင်း အပြုအမူတွေနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်ခံရနေရပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်ကတော့ သူ့ရဲ့ပုံစံကို အပြောင်းအလဲမရှိဘဲ ကစားကွက်နဲ့ပတ်သက်လို့လည်း ရပ်ရှ်ဖို့ဒ်ကိုပါ အခုလိုပြောကြားထားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က