ပူလီဆစ်နဲ့ ဒိုင်လူကြီးအကြား ပွဲပြီးခါနီးမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ကွင်းလယ်လူ ပူလီဆစ်ကလည်း ကွင်းလယ်ဒိုင် ရော်ဘတ်ဂျုံးစ်ရဲ့ တွန်းထုတ်တာကို ခံလိုက်ရကြောင်း သိရှိရပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်ခဲ့ပြီး ဒိုင်လူကြီး ဂျုံးစ်အနေနဲ့လည်း ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပါတယ်။



ဒါ့အပြင် အခုလိုမျိုး ပူလီဆစ်နဲ့ ဂျုံးစ်တို့အကြားမှာပါ ထူးထူးဆန်းဆန်း ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ချဲလ်ဆီးက ချေပဂိုးရဖို့ ဖိအားပေးနေချိန်မှာ ပူလီဆစ်နဲ့ နယူးကာဆယ် ကွင်းလယ်လူ ဆီယန်လောင်းစတပ်ဖ်တို့ အချင်းများခဲ့ကြတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။



ဒီအချိန်မှာ ကွင်းလယ်ဒိုင် နှစ်ယောက်အကြား ဝင်ရောက်ဖျန်ဖြေရင်း ပူလီဆစ်ကို တွန်းထုတ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကလည်း ဒီမြင်ကွင်းကို ကောင်းကောင်းကြီး သတိထားမိခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ ဂျုံးစ်က ပူလီဆစ်ကိုလည်း သတိပေးပြောကြားခဲ့ပြီး ပရိသတ်တွေကတော့ ဒီဖြစ်ရပ်အပေါ် အမျိုးမျိုးမှတ်ချက်ပြု ရေးသားနေကြပါတယ်။ 

သာမန်အားဖြင့်ဆိုရင် ကစားသမားတွေကပဲ ဒိုင်လူကြီးကို စောဒကတက် အော်ဟစ်လေ့ရှိပြီး တော်တော်လေး အခြေအနေဆိုးရွားမှသာ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ကြတာပါ။ အခုချိန်မှာတော့ ရော်ဘတ်ဂျုံးစ်က တကွက် ပြန်ပြသွားတာဖြစ်ပြီး ပရိသတ်တွေကတော့ ဂန္တဝင်ဒိုင်လူကြီး ကော်လီနာလည်း ကစားသမားတွေကို အော်ဟစ်တုံ့ပြန်လေ့ရှိကြောင်း ကာကွယ်ပေးခဲ့ကြပါတယ်။

ချဲလ်ဆီးဟာ ဒီရှုံးပွဲကြောင့် ပေါ်တာလက်ထက် နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပေါ်တာကို ရာထူးကထုတ်ပယ်ဖို့ ဝေဖန်သံတွေ ပြင်းထန်လာခဲ့ပါတယ်။ တွစ်တာပေါ်မှာလည်း “Sack Potter” ဆိုတဲ့ စကားလုံးက ရေပန်းအစားဆုံးဖြစ်နေပြီး ပေါ်တာရဲ့ အနာဂတ်ကတော့ ကမ္ဘာ့ဖလားအပြီးမှာ ထိပ်ဆုံးကစောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က