မက်ဆီရဲ့ အပြုအမူတွေကို မကြိုက်ဘူးလို့ ပြောကြားခဲ့တာပါ။

ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီက အသင်းကို ပြန်လည်ဝေဖန်ခဲ့ဖူးတဲ့ မက်ဆီနဲ့ ပတ်သက်လို့ ထပ်မံပြစ်တင်ပြောကြားလာခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ကစားသမားဘဝ နှစ်ရာသီအကြာ ဖြတ်သန်းခဲ့ဖူးတဲ့ ကစားသမားပါ။



သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝမှာ ပြည်တွင်းဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အားလုံးမျှော်လင့်ထားတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် မက်ဆီက အာဂျင်တီးနားနဲ့အတူ ပြင်သစ်ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ပါသေးတယ်။
အဲ့ဒီနောက်ပိုင်းမှာ သူနဲ့ အသင်းကြား ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့ပုံရပြီး ပီအက်စ်ဂျီကနေ ထွက်ခွာချိန်မှာ ကမ္ဘာ့ဖလားရခဲ့တုန်းက သူ့ကို လုံလောက်တဲ့ ဂုဏ်ပြု အသိအမှတ်ပြုမှု မရှိခဲ့ကြောင်း မက်ဆီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ခါလိုင်ဖီကတော့ ဒါကို ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။

အခုချိန်မှာလည်း အယ်လ်ခါလိုင်ဖီက “မက်ဆီက လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို မကြိုက်ပါဘူး။ သူ့တစ်ယောက်တည်းအတွက် မဟုတ်ဘဲ အားလုံးအတွက် ကျွန်တော် ပြောတာပါ။ ကျွန်တော်တို့ ဒီအသင်းအကြောင်းကို ဒီမှာရှိတုန်းပဲ ပြောပါတယ်။ ထွက်သွားမှ ပြောမနေတော့ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ပုံစံ မဟုတ်ဘူးလေ။ ကျွန်တော် မက်ဆီအပေါ်ကို လေးစားပါတယ်”

“ဒါပေမယ့် တစ်ယောက်ယောက် ပီအက်စ်ဂျီကို မကောင်းပြောလာခဲ့ရင် မကောင်းတော့ပါဘူး။ ဒါက လေးစားမှုမရှိတဲ့ကိစ္စပါ။ သူ ကမ္ဘာ့ဖလားရတဲ့အချိန်မှာ ကျွန်တော်တို့ လုံလောက်တဲ့ အောင်ပွဲခံမှု မပြုလုပ်ပေးတာက ကျွန်တော်တို့က ပြင်သစ်မှာရှိနေတာပါ။ နောက်ပြီး အမ်ဘာပေကို သူက အနိုင်ယူလာခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က