ရော်နယ်ဒိုက လာမယ့်ရက်ပိုင်းအတွင်း အင်တာဗျူးလုပ်မယ်လို့ ပြောကြားထားတာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ရော်နယ်ဒိုရဲ့ပြောစကားတွေအပေါ် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့အနာဂတ်က တော်တော်လေး လှုပ်ခတ်နေပြီး သတင်းမှန်၊ သတင်းမှား ရောထွေးနေတာလည်းဖြစ်ပါတယ်။



အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက သူ့အကြောင်းရေးတဲ့သတင်းတွေကို စာအုပ်ထဲချမှတ်ထားကြောင်း၊ သူ့အကြောင်းသတင်းအပုဒ် (၁၀၀) မှာ မှန်တဲ့သတင်းက (၅) ခုပဲရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အကြောင်းနဲ့ပတ်သက်လို့ အင်တာဗျူးကိုလည်း လာမယ့်ရက်ပိုင်းအတွင်း သူကိုယ်တိုင်ပြုလုပ်ပေးမှာဖြစ်ကြောင်း ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဒီလိုတုံ့ပြန်မှုအပေါ် ဂယ်ရီနဗီးလ်က “ထာဝရအကောင်းဆုံး ကစားသမားတယောက်အနေနဲ့ ယူနိုက်တက်ပရိသတ်တွေကို အမှန်တိုင်းပြောဖို့ ဘာကြောင့် (၂) ပတ် စောင့်ခိုင်းနေရတာလဲ။ အခုချက်ချင်း ထပြီး ပြောစရာရှိတာကို ပြောစမ်းပါကွာ။ အသင်းက အခု အကျပ်အတည်းကြားထဲရောက်နေပြီး အသင်းအတွက် ဦးဆောင်မယ့် ခေါင်းဆောင်တွေလိုအပ်နေတာ”

“ရော်နယ်ဒိုက အသင်းကို ဒီလိုမျိုးအနေအထားကနေ ဂုတ်ကနေ ဆွဲထုတ်ပေးနိုင်တဲ့ တဦးတည်းသောကစားသမားပါ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားပြီး အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့အထိ ဆန္ဒရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့်လည်း ကစားသမားရဲ့ ဒီနောက်ပိုင်းအပြုအမူတွေကြောင့် ရော်နယ်ဒိုကို ရောင်းချဖို့ နည်းပြတန်ဟက်ခ်က လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းပိုင်ရှင်တွေဘက်ကတော့ ရော်နယ်ဒိုကို ရောင်းချဖို့ ဆန္ဒမရှိဘဲ အနည်းဆုံး ဒီရာသီကုန်၊ စာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်အထိ ရော်နယ်ဒိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ 

Share

Loading Next Article...
က္က