မန်စီးတီးနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင် ရရှိထားပြီးပြီလို့ သတင်းတွေထွက်ပေးနေတဲ့ ရော်နယ်ဒိုဟာ အသင်းကထွက်ခွာချင်တယ်လို့ ဂျူဗင်တပ်စ်ကို ပြောဆိုလိုက်ပြီလို့ သိရပါတယ်။ Sky Sports က ဖော်ပြခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးက နောက်ဆုံးမှာ သူ့ရဲ့ဆန္ဒကို တရားဝင်ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။


မန်စီးတီးဟာ ရော်နယ်ဒိုအတွက် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပြီး တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းအထိ ပေးချေသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဂျူဗီကတော့ သူတို့တိုက်စစ်မှူးအတွက် အနည်းဆုံးပေါင် ၂၅သန်းအထိ အလိုရှိနေပြီး မန်စီးတီးတိုက်စစ်မှူးဂျီးဆပ်ကိုလည်း ပြန်လည်လိုချင်နေကာ အင်္ဂလန်ကလပ်က ဘရာဇီးလ်တိုက်စစ်မှူးကိုတော့ မရောင်းချချင်ဘူးလို့ ဆိုပါတယ်။


စပါးတိုက်စစ်မှူးကိန်းကို ခေါ်ယူဖို့မဖြစ်နိုင်တော့တဲ့အချိန်မှာ မန်စီးတီးက ရော်နယ်ဒိုအတွက် အားထည့်လှုပ်ရှားခဲ့တာလည်းဖြစ်ပါတယ်။ တဖက်မှာ ပီအက်စ်ဂျီကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားမှုတွေရှိနေလို့ လက်ကျန် ၄ ရက်အတွင်း မန်စီးတီးက တက်သုတ်ရိုက်ကြိုးပမ်းသွားရမှာလည်းဖြစ်ပါတယ်။ 


မနေ့က ဂျော့မန်ဒက်စ်နဲ့ ဂျူဗီတို့ တူရင်မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ်လည်း ရော်နယ်ဒိုက အသင်းကထွက်ခွာချင်နေပြီဖြစ်ပြီး အခုအခါမှာ သူထွက်ခွာချင်တဲ့အကြောင်းကို ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပြောဆိုခဲ့ဖွယ်ရှှိတယ်လို့ Sky Italy က ဖော်ပြခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ကစားသမားရဲ့ အနာဂတ်ဟာ မနေ့က ပိုမိုလှုပ်ခတ်လာခဲ့ပြီး ခေါင်းကြီးပိုင်းသတင်းအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ Independent သတင်းဌာနက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြမှုတွေရှိခဲ့ကာ အီတလီသတင်းဌာနတွေကလည်း သေချာပေါက်အပြောင်းအရွှေ့ဖြစ်လာမယ်လို့ ဆိုခဲ့ကြပါတယ်။ စျေးကွက်ပိတ်သိမ်းဖို့ ၄ ရက်သာလိုတော့တာကြောင့်လည်း သူ့ရဲ့အနာဂတ်က ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က