အာဖရိကဖလားခြေစစ်ပွဲမှာ သွင်းယူခဲ့တာပါ။

လီဗာပူးလ်ကနေ ထွက်ခွာတော့မယ်လို့ အသိပေးပြောဆိုထားပြီးဖြစ်တဲ့ မာနေးကတော့ ဆီနီဂေါနဲ့ ဘီနင်တို့ကစားခဲ့တဲ့ အာဖရိဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြလိုက်ပါတယ်။ ပင်နယ်တီသွင်းဂိုး ၂ ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး လက်ရွေးစင်သွင်းဂိုး ၃၂ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ကာ ဆီနီဂေါရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

ဆီနီဂေါပရိသတ်တွေရဲ့ လီဗာပူးလ်ကထွက်ခွာစေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ပြောဆိုခဲ့တဲ့ မာနေးဟာ ချက်ချင်းပဲ ခြေစွမ်းပြခဲ့ပြီး သူ့ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။ မာနေးရဲ့ ခြေစွမ်းပြနေမှုက လီဗာပူးလ်အတွက်တော့ နှမျောတသဖြစ်စရာကောင်းနေပြီး ဒီကစားသမားသာ ထွက်သွားခဲ့မယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာမယ်ဆိုတာ ပိုပိုပြီးသေချာလာခဲ့ပါတယ်။ 

လစာငွေနည်းပါးမှု၊ စာချုပ်သက်တမ်းကျန်ရှိတဲ့အနေအထားချင်းမှာ ဆာလာနဲ့ အတူတူဖြစ်ပေမယ့် ဆာလာကိုပဲ ဦးစားပေးပြီး စာချုပ်သစ်ချုပ်ဖို့ကို မျက်စိနောက်အောင်လုပ်နေတဲ့ အသင်းရဲ့ လုပ်ရပ်ကြောင့် မာနေးက တော်တော်လေးစိတ်ပျက်နေခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါကြောင့်လည်း အသင်းကထွက်ခွာဖို့အထိဖြစ်လာခဲ့ရပြီး လီဗာပူးလ်ပရိသတ်တွေကိုလည်း စိတ်မကောင်းဖြစ်နေစေခဲ့ပါတယ်။ 

အသင်းကထွက်မယ်လို့ သတင်းတွေထွက်လာချိန်မှာပဲ မာနေးက ဟက်ထရစ်သွင်းပြခဲ့ပြီး သူ့ရဲ့တန်ဖိုးကို ထပ်ပြသလိုက်တာလည်းဖြစ်ပါတယ်။ ဘီနင်နဲ့ပွဲက မာနေးရဲ့ စွမ်းဆောင်ရည်ဟာ လီဗာပူးလ်တာဝန်ရှိသူတွေကို ခေါင်းကိုက်စေတော့မှာဖြစ်ပြီး ဘာဆက်လုပ်ရမလဲမသိအောင်တောင် ဖြစ်သွားစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 


မာနေးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပြီး ကမ္ဘာ့ဖလားမတိုင်ခင် သူ့အပြောင်းအရွှေ့ ကို အပြီးသတ်ဖွယ်ရှိနေပါတယ်။ 

Share

က္က