နွေရာသီမှာ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီက သူဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ရိးရဲလ်မက်ဒရစ်က သူ့ကိုစိတ်ဝင်စားနေချိန်မှာ အသင်းကထွက်ခွာဖို့ ခွင့်တောင်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်ကာ ပထမဆုံးအကြိမ် ဝန်ခံပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။



ပြင်သစ်သတင်းဌာန RMC Sport နဲ့ တွေ့ဆုံခဲ့စဉ်မှာ ဘတ်ပီက "ကျွန်တော့်ကို ၆ကြိမ်၊ ရကြိမ်လောက် ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့တယ်လို့ လူတွေကပြောနေကြပါတယ်၊ လီယိုနာဒိုနဲ့ ကျွန်တော်ဘာဆိုဘာမှမပြောဖြစ်ခဲ့ပါဘူး၊ ဒါကြောင့်မို့ လူတွေပြောနေတာတွေက အမှန်တရားမဟုတ်ပါဘူး၊ အသင်းကနေ ထွက်ဖို့ ကျွန်တော်ပြောခဲ့တယ်၊ ဘာလို့လဲဆိုတော့ အခုချိန်မှာ သက်တမ်းမတိုးချင်လို့ပါ"


"ကျွန်တော့်နေရာကို ပြန်ပြီးအစားထိုးနိုင်မယ့် ကစားသမားကို ခေါ်ယူနိုင်မယ့် ပြောင်းရွှေ့ကြေးမျိုးလည်း အသင်းကိုရစေချင်ပါတယ်၊ ဒီအသင်းက ကျွန်တော့်ကို အများကြီးယူဆောင်လာပေးတဲ့အသင်းပါ၊ အမြဲတမ်းလည်းပျော်ရွှင်နေခဲ့ပါတယ်၊ ဒီမှာ လေးနှစ်ကစားခဲ့ပြီး အခုလည်း ရှိနေတုန်းပါပဲ"


အသင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို ကျွန်တော်လေးစားပါတယ်၊ ကျွန်တေ်ာပြောချင်တာတစ်ခုကတော့ တကယ်လို့ ကျွန်တော့်ကိုမထွက်ခွာစေချင်ဘူးဆိုရင် ကျွန်တော်ဒီမှာဆက်နေပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါဟာ ရန်းနက်စ်ကို အရေးနိမ့်ပြီးနောက်မှာ ဘတ်ပီက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရောက်လာပေမယ့်လည်း ထင်မှတ်သလိုဖြစ်မလာလို့ စိတ်ညစ်နေရတဲ့ ပိုချက်တီနိုအတွက် နောက်ထပ်ခေါင်းကိုက်စရာကိစ္စလည်း ဖြစ်လာခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က