ပေါ့ဘာက အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ နေသွားခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာတယောက် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ထွက်ခွာသွားပြီဆိုတာကို မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဒီကစားသမားဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမားဆိုပေမယ့် ဒါနဲ့ဆိုရင် အသင်းကိုစွန့်ခွာသွားတာ နှစ်ကြိမ်ရှိခဲ့ပါပြီ။



ပေါ့ဘာဟာ ပြီးခဲ့တဲ့ (၂၀၁၆) မှာ ယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာတော့ ဘယ်လိုမှကို ကျေနပ်စရာခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ ပေါ့ဘာဟာ ယူနိုက်တက်မှာ ပုံမှန်အားဖြင့် တနှစ်လုပ်ခ ပေါင် (၈.၆၁) သန်းကို ရရှိပါတယ်။ ဒါပေမယ့် သစ္စာရှိဆုကြေးကို ဖယ်လိုက်တဲ့အခါမှာ ပေါင် (၇.၇၅) သန်းကို ရရှိမှာပါ။

ပေါ့ဘာအနေနဲ့ ပုံရိပ်အသုံးပြုခွင့်အတွက် ပေါင် (၂.၈၇) သန်းရရှိမှာဖြစ်ပြီး ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့နှစ်တွေအတွက်လည်း ပေါင် (၁.၈) သန်း အပိုဆုကြေးရရှိခဲ့ပါတယ်။ အခါမ္စာရှိဆုကြေးကို ဖယ်လိုက်တဝဲါင်းကနေ အလ မြင်တ ဒါ့အပြင် ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာချိန်က စာချုပ်သက်တမ်းကုန်ဆုံးနေချိန်ဖြစ်တာကြောင့် ဒီအတွက် သစ္စာရှိကြေးအဖြစ် အပိုဆုကြေး ပေါင် (၃.၈) သန်းရရှိမှာပါ။

ပေါ့ဘာဟာ (၂၀၁၂) မှာ ယူနိုက်တက်ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဂျူဗင်တပ်စ်မှာ အောင်မြင်တဲ့အချိန်တွေကို ဖြတ်သန်းနိုင်ခဲ့တဲ့နောက် ယူနိုက်တက်ကို ပြန်လည် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာတော့ ပေါ့ဘာရဲ့ အမြင့်ဆုံးအောင်မြင်မှုက ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့သာဖြစ်ခဲ့ရပါတယ်။

အခုတခါမှာလည်း ပေါ့ဘာအနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ကိုသာ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့လို ဥရောပထိပ်တန်းအသင်းတွေကလည်း ပေါ့ဘာရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ 

Share

Loading Next Article...
က္က