မနေ့ညက နိုင်ငံတကာရက်သတ္တပတ်အဖြစ် ကစားခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ အသင်းကြီးအားလုံး နိုင်ပွဲရရှိခဲ့ပါတယ်။ မနေ့ညက ပြင်သစ်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပိုလန်နဲ့ ဆလိုဗေးနီးယားတို့ ကစားခဲ့ကြပြီး ဒီပွဲတွေအားလုံးမှာ အဆိုပါ အသင်းကြီးတွေကပဲ အောင်ပွဲခံခဲ့ကြတာပါ။




ပြင်သစ်က အိုင်ယာလန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ပြင်သစ်အတွက် သွင်းဂိုးတွေကိုတော့ ချူအာမန်နီ၊ သူရမ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒိန်းမတ်ကလည်း အသင်းငယ်လေး ဆန်မာရီနိုကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒိန်းမတ်အတွက် သွင်းဂိုးတွေကိုတော့ ဟို့ချ်ဘာ့ချ်၊ မက်ဟေလေ၊ ယိုးနက်စ်ဝင်း၊ ပေါလ်ဆင်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်ကလည်း အိမ်ကွင်းမှာ ဂရိကို အနိုင်ကစားနိုင်ခဲ့ပြီး (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

နယ်သာလန်အတွက် ဂိုးတွေကိုတော့ ဒီရွန်း၊ ဂတ်ခ်ပို၊ ဝက်ဟော့စ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပိုလန်ကလည်း ဖာရိုးကျွန်းစုများအသင်းကို လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆလိုဗေးနီးယားကလည်း အိမ်ကွင်းမှာ မြောက်အိုင်ယာလန်ကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



အခြားသော ပွဲစဉ်တွေမှာတော့ ချက်နဲ့ အယ်လ်ဘေးနီးယားတို့ တစ်ဂိုးစီသရေကျခဲ့သလို ဟန်ဂေရီကလည်း ဆာဘီးယားကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က