မနေ့ညကပွဲစဥ်တွေမှာ အသင်းကြီးတွေ နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ် အထူးသဖြင့် အသင်းကြီးတွေရဲ့ ပွဲစဥ်တွေက သရေရလဒ်တွေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ အကောင်းဆုံးပွဲတပွဲလို့ သတ်မှတ်ရမယ့် အင်္ဂလန်နဲ့အီတလီတို့ရဲ့ ယူရိုဗိုလ်လုပွဲမကျေပွဲကလည်း ဒီတကြိမ်မှာလည်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့တာပါ။



အင်္ဂလန်ဟာ ဒီနှစ် နေးရှင်းလိဂ်ပွဲစဥ် (၃) ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရှိသေးဘဲ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် တအုပ်စုတည်း ဂျာမနီကလည်း ဟန်ဂေရီကို အဝေးကွင်းမှာ တဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဝေးလ်စ်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ပွဲမှာလည်း တဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့သေးတာပါ။

နောက်ထပ် နာမည်ကျော် နယ်သာလန်ကလည်း ပိုလန်ကို နှစ်ဂိုးအရှုံးကနေ သရေရအောင် လိုက်ကစားခဲ့ရပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှာ ပင်နယ်တီရရှိခဲ့ပေမယ့် ဒီပင်နယ်တီကို ဒီပိုင်း ဝင်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် နယ်သာလန်နဲ့ပိုလန်ပွဲကလည်း နှစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

နေးရှင်းလိဂ်ပွဲစဥ်တွေဟာ ပြိုင်ပွဲကျင်းပတဲ့စနစ်ရှုပ်ထွေးတာ၊ ပွဲစဥ်တွေ မလိုအပ်ဘဲ ဖောင်းပွတာတွေကြောင့် ဒီဘရိုင်း၊ ဂါရတ်ဘေးလ်တို့လို ကစားသမားတွေက လူသိရှင်ကြား ဝေဖန်ထားပါတယ်။ ဒါ့အပြင် နေးရှင်းလိဂ်ပြိုင်ပွဲရှိနေဖို့ မလိုအပ်ဘူးဆိုတ့ အမြင်တွေလည်းရှိနေပါတယ်။ လက်ရှိပြိုင်ပွဲမှာ တော်တော်လေး ခြေစွမ်းပြနေတဲ့အသင်းဆိုလို့ ပေါ်တူဂီပဲရှိတာပါ။

ကမ္ဘာ့ချန်ပီယံပြင်သစ်လည်း လက်ရှိအချိန်ထိ နိုင်ပွဲတပွဲမှမရသေးသလို စပိန်ရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာမရှိခဲ့ပါဘူး။ မနေ့ညက ရလဒ်တွေကြောင့်ပဲ ပရိသတ်တွေကတော့ အသင်းကြီးတွေဟာ နေးရှင်းလိဂ်မှာ အနိုင်မကန်ကြေး တမင်ကစားပြီး ယူအီးအက်ဖ်အေကို ပညာပြနေပြီလို့လည်းဆိုနေကြပါတယ်။ 

Share

Loading Next Article...
က္က