ဒီရာသီမှာ ဝက်စ်ဟမ်းက ထူးရှယ်ခြေစွမ်းပြနေတာပါ။

ဗီလာကိုအနိုင်ရရှိအပြီး အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ ရမှတ်တူညီကာ ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ 


အဝေးကွင်းမှာ ဗီလာကို ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်က အသင်းကြီးတစ်သင်းဖြစ်လာဖို့အတွက် အသင်းဖော်တွေကို တွန်းအားပေးစိ်န်ခေါ်မှုတွေပြုလုပ်လိုက်ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့အသင်းဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပြီး ဗီလာကိုအနိုင်ရရှိအပြီး အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ ရမှတ်တူညီကာ ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ 



အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးနဲ့ ငါးမှတ်သာ ကွာဟတဲ့အခြေအနေမှာ ဝက်စ်ဟမ်းက ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒ့ါအပြင် ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၅ ပွဲဆက်တိုက် ဝက်စ်ဟမ်းက အနိုင်ရရှိခဲ့ပြီး ကလပ်စံချိန်ဟောင်းကို လိုက်မီခဲ့ပါသေးတယ်။ ဒီကလန်ရိုက်ကတော့ အသင်းအတွက် ဒုတိယဂိုးကို သူ့ရဲ့ပုံမှန်ကန်သွင်းနေဟန်အတိုင်း အပြင်းစားကန်ချက်နဲ့ ရယူကာ သွင်းယူပေးခဲ့ပြီး အသင်းခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

ဧပြီလကစကာ ဝက်စ်ဟမ်းက အမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲမရှိထားဘဲ ဝက်စ်ဟမ်းအတွက် ဒီရာသီမှာ ၄ ဂိုးအထိသွင်းယူပေးထားတဲ့ ရိုက်က "ကျွန်တော်တို့ အဆင့် ၃ မှာ ပူးတွဲရပ်တည်နေပါပြီ၊ ရာသီမစခင် လူတွေမေးခဲ့တဲ့ အကြီးမားဆုံးမေးခွန်းကတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် ကျွန်တော်တို့ နောက်တစ်ကြိမ်လုပ်နိုင်မှာလားဆိုတာပါ၊ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကို သိခဲ့ရပြီးပါပြီ၊ ဒါပေမယ့် ကစားရမယ့်ပွဲတွေက အများကြီးရှိနေပါသေးတယ်"

"ဒါက အဆင့်တစ်ခုဖြစ်ပြီး အတန်းအစားတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အသင်းကြီးတစ်သင်းဖြစ်ချင်တယ်ဆိုရင် ပြန်နိမ့်ကျသွားလို့မရပါဘူး၊ ကျွန်တော်ကစားပေးတဲ့ပွဲတွေမှာ ဂိုးတွေပါ ထည့်ပေါင်းလို့ရပါတယ်။ ဒီရာသီမှာ ကျွန်တော်လေးဂိုးသွင်းပြီးပါပြီ၊ ၄-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နည်းနည်းတော့လွဲချော်ခဲ့ပါတယ်" လို့ ဒီကလန်ရိုက်က ပြောဆိုသွားခဲ့ပါတယ်။ 

ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာလည်း ၃ ပွဲစလုံးအနိုင်ရရှိထားပြီး ပေးဂိုးမရှိနဲ့ ခြေစွမ်းပြနေကာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က