ချန်ပီယံလိဂ်အုပ်စုပွဲစဥ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဥ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ အေစီမီလန်တို့ အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီကတော့ ဂျူဗင်တပ်စ်ကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်က အစောပိုင်းပွဲမှာ ကစားသွားခဲ့ပြီး ဆဲလ်တစ်ကို အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ရီးရဲလ်မက်ဒရစ်ပွဲမှာ ပထမပိုင်းနဲ့တင် ပင်နယ်တီသုံးလုံးအထိ မြင်တွေ့ခဲ့ရပြီး ပင်နယ်တီတကြိမ်ကိုတော့ ကော်တွိုက်စ်က ကာကွယ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပထမပိုင်းမှာ ဦးဆောင်နေတဲ့အပြင် ဒုတိယပိုင်းမှာပါ ဂိုးမိုးရွာခဲ့ပြီး အုပ်စု ပထမရရှိခဲ့ကာ လိုက်ပ်ဇစ်နဲ့အတူ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကလည်း ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် စတာလင်၊ ဇာကာရီယာတို့ရဲ့ ဂိုးတွေကြောင့် အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ အုပ်စု ပထမရရှိခဲ့ပါတယ်။ အေစီမီလန်ကလည်း ဆဲလ်ဘာ့ဂ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူကာ နောက်တဆင့်ကို ချဲလ်ဆီးနဲ့အတူတူ တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးကလည်း အိမ်ကွင်းမှာ ဆီဗီလာကို အနိုင်ကစားခဲ့ပြီး အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို လူငယ်တွေဖြစ်ကြတဲ့ ရီကိုလူးဝစ်၊ အယ်လ်ဗာရက်ဇ်နဲ့ မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ဒေါ့မွန်ကလည်း အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို သရေသာ ကစားနိုင်ခဲ့ပေမယ့် မန်စီးတီးရဲ့နိုင်ပွဲကြောင့် အုပ်စုဒုတိယနဲ့ နောက်တဆင့် တက်ရောက်ခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ အဝေးကွင်းမှာ ဂျူဗင်တပ်စ်ကို အမ်ဘာပေ၊ နူနိုမန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဘင်ဖီကာကလည်း မက္ကာဘီဟိုင်ဖာကို အဝေးကွင်းမှာ ၁-၆ဂိုးအထိ ဂိုးပြတ်အနိုင်ရရှိကာ ပီအက်စ်ဂျီကိုပါ ကျော်ဖြတ်ပြီး အုပ်စုပထမနေရာကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။   

Share

Loading Next Article...
က္က