စပါးတသင်းတည်းကိုပဲ သွင်းထားနိုင်ခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ၈ ပွဲကစားပေးထားပြီး ၄ ဂိုးသွင်းယူပေးထားကာ ၁ ကြိမ်ဖန်တီးပေးထားပါတယ်။ သူ့ရဲ့အသက်အရွယ်၊ လက်ရှိခြေစွမ်း၊ အသင်းဖော်တွေရဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီသွင်းဂိုးနှုန်းက အပြစ်ပြောစရာအနေအထားမှာမရှိပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ ရော်နယ်ဒို ဂိုးပေါက်ပျောက်နေတာကတော့ ထောက်ပြစရာအဖြစ်ရှိနေခဲ့ပါတယ်။ 



သူ ကစားပေးခဲ့တဲ့ ၈ ပွဲမှာ ရော်နယ်ဒိုက နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ဗီလာ၊ အဲဗာတန်၊ လက်စတာ၊ လီဗာပူးလ်၊ စပါး၊ မန်စီးတီးတို့ပါ။ နယူးကာဆယ်ကို ၂ဂိုး၊ ဝက်စ်ဟမ်းနဲ့ စပါးကို တစ်ဂိုးစီ သူ သွင်းယူနိုင်ခဲ့ပြီး ကျန်ပွဲတွေမှာတော့ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ စပါးနဲ့ပွဲမှာ လှပတဲ့ ကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့တယ်ဆိုပေမယ့် စပါးက အဘက်ဘက်ချွတ်ချုံကျနေတဲ့ အသင်းဖြစ်နေပါတယ်။ 

မာကျောတဲ့အသင်းဖြစ်တဲ့ လက်စတာ၊ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ သူ ဂိုးပေါက်ပျောက်ခဲ့တာက မဖြစ်မနေ ထည့်စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ၇ ပွဲအထိ ပွဲထွက်ကစားခဲ့ရပြီး ၁ ပွဲက လူစားဝင်ကစားပေးခဲ့ရကာ ၆၆၄ မိနစ်အထိကစားပေးထားလို့ ၁၆၁ မိနစ်မှာမှ တစ်ဂိုးနှုန်းရရှိနေတာဖြစ်လို့ ဒီမှတ်တမ်းက နည်းနည်းတော့ ဆိုးရွားနေတယ်လို့ ယူဆရမှာပါ။ 

လီဗာပူးလ်၊ မန်စီးတီးနဲ့ပွဲတွေမှာ ယူနိုက်တက်က တစ်ဂိုးမှမရခဲ့တဲ့အပြင် ပြိုင်ဘက်အသင်းကို ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုအကြိမ်ကလည်း လက်ငါးချောင်းတောင် မပြည့်ခဲ့ပါဘူး။ မန်စီးတီးနဲ့ပွဲမှာဆိုရင် တစ်ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲမှာ ဘောလုံးထိချက်က ၄ ကြိမ်သာရှိခဲ့တာပါ။ ရော်နယ်ဒိုကို တိုက်စစ်မြှားဦးအဖြစ်နဲ့ ဆိုးလ်ရှားက အသုံးပြုနေပေမယ့် လုံလောက်တဲ့ထောက်ပံ့မှု မရတဲ့အချိန်မှာ သူ ရုန်းကန်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ 

မန်စီးတီးနဲ့ပွဲအပြီးမှာ အဘွန်လဟော်က အခုလိုပြောခဲ့ပါတယ်။ "ရော်နယ်ဒို လိုချင်တာက ဒီဘရိုင်းလိုဖြတ်တင်ဘောပေးပို့နေတဲ့ မန်စီးတီးလိုအသင်းပါ၊ အခုတော့ သူက ပထမလူကိုတောင် ကျော်အောင် ကန်မတင်နိုင်တဲ့ ဝမ်ဘစ်စ်ကာဖြစ်နေတယ်၊ ဒါတွေက သူ့အတွက်စိတ်ပျက်စရာပါ၊ ဒီဘရိုင်းကို သူ ဒေါသတကြီးနဲ့ဖျက်ထုတ်ခဲ့တယ်၊ ဒါက ရော်နယ်ဒိုရဲ့ ပုံစံမှမဟုတ်တာ" လို့ ဆိုပါတယ်။ သူ ဆိုလိုချင်တာက ယူနိုက်တက်မှာ ရော်နယ်ဒိုကို လုံလောက်တဲ့ ဖန်တီးမှုမျိုးလုပ်ပေးနိုင်တဲ့ အစုအဖွဲ့မရှိဘူးဆိုတာပါပဲ။

ဖာနန်ဒက်စ်က ဖန်တီးပေးနိုင်တယ်ဆိုပေမယ့် အသင်းက ကွင်းလယ်ပိုင်းမလွှမ်းမိုးနိုင်ရင် သူ ဘာမှလုပ်မရပါဘူး။ စပါးနဲ့ပွဲမှာ ဖာနန်ဒက်စ်လုပ်ပေးခဲ့တာအရမ်းကောင်းပါတယ်။ အသင်းက အသာစီးရနေပြီး ပြိုင်ဘက်ထက် အနည်းငယ်သာနေလို့ပါ။ လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဖာနန်ဒက်စ်က deeper role ထိ လိုက်ကစားပေးနေရပြီး မဖန်တီးပေးနိုင်တော့ပါဘူး။ ရော်နယ်ဒို အခက်တွေ့နေရတာ အဲဒီအချက်ပါပဲ။ 

Share

က္က