မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်မှာ ဧည့်သည် ဝက်စ်ဟမ်းက လန်ဇီနီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာပြောစရာဖြစ်ခဲ့တာ တစ်ခုကတော့ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်ပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ချေပဂိုးလိုအပ်နေတဲ့ ယူနိုက်တက်အတွက် ပွဲကစားချိန် (၇၂) မိနစ်မှာ လင်ဂတ်အစား လူစားဝင်လာခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီလိုမျိုးလုပ်ရပ်ကို ဝက်စ်ဟမ်းပရိသတ်တွေက အကြီးအကျယ်လှောင်ပြောင်ရှုံ့ချခဲ့ကြပြီး ပွဲအပြီး တွစ်တာပေါ်မှာ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ တွစ်တာပေါ်က ဝက်စ်ဟမ်းပရိသတ်တစ်ယောက်က “ဘရူနိုဖာနန်ဒက်စ်က Fair Play ဆိုတာကို ဘာမှန်းရောသိရဲ့လား။” လို့ မေးခွန်းထုတ်ဝေဖန်ခဲ့သလို နောက်တစ်ယောက်ကလည်း “ဒီဘောလုံးက ဝက်စ်ဟမ်းဘက်ကို အရင်ပေးကန်ရမယ့် ဘောလုံးပါ။ အဲ့ဒါကို သူဘယ်လိုစိတ်ကူးမျိုးနဲ့ ဝင်လုနိုင်တာလဲ။” လို့ ဘရူနိုဖာနန်ဒက်စ်ကို လှောင်ပြောင်ခဲ့ပါတယ်။
ဒါ့အပြင် “ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်က ရှော့ခ်ရစရာပါ။ ဒီလိုမျိုးလိမ်ညာလှည့်ဖြားတာလုပ်ပြီးတဲ့နောက် သူနဲ့ထိုက်တန်တာပဲ ရသွားတာပေါ့။ ကျွန်တော်တို့ ဝက်စ်ဟမ်းအတွက်တော့ သိပ်ကောင်းတဲ့ရလဒ်တစ်ခုပါ။” လို့ လှောင်ပြောင်ခဲ့သူရှိသလို အဆိုးရွားဆုံးအနေနဲ့ အခြားသော ဝက်စ်ဟမ်းပရိသတ်တစ်ယောက်က “ဘောလုံးသမိုင်းတစ်လျှောက်မှာ အရှက်အကင်းမဲ့ဆုံး ကစားသမားပဲ။” လို့ ဘရူနိုဖာနန်ဒက်စ်ကို အပြင်းအထန် ထိုးနှက်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ပြင်ပ ကစားထားတဲ့ ဖလားပွဲ (ချန်ပီယံလိဂ်၊ ကာရာဘောင်) တို့မှာ (၂) ပွဲဆက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။